Home
မြန်မာသတင်း
ရပ်နားထားသည့် ရန်ကုန်ရေကမ္ဘာ ပြန်လည်ဖွင့်လှစ်မည်
DVB
·
April 26, 2016
12038204_1270082466340377_8332751098083800772_n-622x373
၂ လနီးပါး ပိတ်ထားခဲ့တဲ့ ရန်ကုန်မြို့ သာကေတမြို့နယ်က အရင် ရှူခင်းသာပန်းခြံကို အဆင့်မြှင့်တင်တည်ဆောက်ခဲ့တဲ့ ရန်ကုန်ရေကမ္ဘာ Yangon Waterboom ကို ဧပြီလ ၂၇ ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်မယ်လို့ Yangon Waterboom တည်ဆောက်ခဲ့တဲ့ UMG Myanmar Group Of Companies က ကြေညာလိုက်ပါတယ်။ ရန်ကုန်ရေကမ္ဘာ (Yangon Waterboom)ကို ဖေဖော်ဝါရီလ ၂၈ရက်နေ့က ဖွင့်လှစ်ခဲ့ပြီး ရေသန့်ရှင်းမှု မရှိတာ၊ ကစားနည်းအားလုံး မကစားနိုင်တာ စတဲ့အားနည်းချက်တွေကို အများပြည်သူ ဝေဖန်ခဲ့တာကြောင့် မတ်လ ၃ ရက်နေ့မှာ ပြန်ပိတ်ခဲ့ပါတယ်။ Yangon Waterboomကို ၂၀၁၃ ခုနှစ်က စက်တင်ဘာလ က စပြီး UMG Myanmar Group Of Companies ရဲ့ လုပ်ငန်းခွဲတခုဖြစ်တဲ့ Media One ကုမ္ပဏီက တာဝန်ယူ တည်ဆောက်ခဲ့ ပါတယ်။ မြေဧရိယာ ဧက ၁၈ ကျယ်ဝန်းတဲ့ Yangon Waterboom မှာ ရေကစားနည်း၂၀ ကျော်နဲ့ Outbound ဧရိယာ၊ Futsalကစားကွင်း၊ စားသောက်ဆိုင်၊Beauty Saloon နဲ့အမှတ်တရပစ္စည်း အရောင်းဆိုင်တွေလည်း ပါဝင်ပါတယ်။ ဝင်ကြေးအနေနဲ့ တနင်္လာနေ့ကနေ သောကြာနေ့အထိတဦးကို လူကြီးကျပ် ၂၀၀၀၀ ကလေး ၁၅၀၀၀ ဖြစ်ပြီး စနေ၊ တနင်္ဂနွေနဲ့ အများပြည်သူ ရုံးပိတ်ရက်တွေမှာ တဦးကို လူကြီး ၂၅၀၀၀ ကလေး ၂၀၀၀၀ သတ်မှတ်ထားပြီး အခုပြန်လည်ဖွင့်လှစ်ချိန်မှာ တဦးကို ဝင်ကြေးရဲ့ ၂၀ ရာခိုင်နှုန်းဈေးလျှော့ချသတ်မှတ်ပေးထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024