အဖွဲ့ချုပ်ရပ်တည်ရေးကိစ္စ ကုလသမဂ္ဂ ဥပဒေပညာရှင် ဆောင်ရွက်ရန် စီစဉ်မည်
DVB
·
August 24, 2011
ပါတီရပ်တည်မှုပျက်ပြီလို့ အစိုးရက ကြေညာထားတဲ့ အမျိုးသားဒီမိုကရေအဖွဲ့ချုပ် ပါတီ တရားဝင်ရပ်တည်ရေးကိစ္စနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂမှ ဥပဒေကျွမ်းကျင်သူ ပညာ ရှင်တဦး လာရောက်ကူညီနိုင်ဖို့ ဆောင်ရွက်ပေးမယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးစုံစမ်း စစ်ဆေးသူက ပြောကြားသွားပါတယ်။
အဖွဲ့ချုပ် ဥပဒေအထောက်အကူပြုအဖွဲ့ဝင်တွေက ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးစုံစမ်း စစ်ဆေးသူ မစ္စတာကင်တားနားကို ဒီနေ့တွေ့ဆုံရာမှာ ပါတီတရားဝင်ရပ် တည်မှုနဲ့ပတ်သက်ပြီး တင်ပြပါတယ်။
ကင်တားနားက သူဟာ ဥပဒေကျွမ်းကျင်သူ ပညာရှင် မဟုတ်ကြောင်း၊ ဒါကြောင့် ကျွမ်းကျင်သူ ပညာရှင်တဦး မြန်မာပြည်ကို မကြာမီ လာရောက်တွေ့ဆုံနိုင်အောင် ဆောင်ရွက်ပေးမယ်လို့ ကတိပြုသွားတယ်လို့ အဖွဲ့ချုပ် ဥပဒေအထောက်အကူပြုအဖွဲ့ဝင် ရှေ့နေ ဦးဥာဏ်ဝင်းက ပြောပါတယ်။
၁၉၉၀ ပြည့်နှစ် ပါတီစုံ အထွေထွေရွေးကောက်ပွဲ အနိုင်ရ အဖွဲ့ချုပ်ကို ပါတီရပ်တည် မှု ပျက်ပြယ်ပြီလို့ လက်ရှိအစိုးရက ကြေညာထားတာပါ။
ဥပဒေအထောက်အကူပြုအဖွဲ့က မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ လူအခွင့်အရေး ချိုးဖောက်ခံရမှုအခြေအနေတွေကိုလည်း ကင်နားနဲ့အဖွဲ့ကို ပြောကြားလိုက်တယ်လို့လည်း ပြောပါတယ်။
“လယ်ယာလုပ်သားတွေ တရားမဲ့ ဥပဒေနဲ့မညီဘဲ လယ်ယာတွေ အသိမ်းခံရလို့ သူ တို့ရဲ့ အခွင့်အရေးတွေ ဆုံးရှုံးတာ၊ ပရော်ဖက်ရှင်နယ် ဆရာဝန်တွေ၊ ရှေ့နေတွေ သူတို့ရဲ့ လိုင်စင်တွေ ရုပ်သိမ်းခံရတာ ဒီအခြေအနေမျိုးတွေကိုတော့ ကျနော်တို့ ပြောလိုက်ပါ တယ်။”