A d v e r t i s e m e n t With Us

ကလေးမြို့တွင် မိုးသက်လေပြင်းတိုက်၊ မိုးကြိုးထိမှန်ပြီး ၁ ဦးသေဆုံး

ဒီနေ့ ဧပြီ ၂၅ ရက် ညနေ ၃ နာရီ ကျော်မှာ ဖြစ်ပွားခဲ့တဲ့ မိုးသက်လေပြင်းကြောင့် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် ရာဇဂြိုဟ်ရွာမှာ စာသင်ကျောင်း အပါအဝင် နေအိမ်အချို့ ခေါင်မိုးများလန်ကာ ပျက်စီးခဲ့ရပြီး လူတဦး မိုးကြိုးထိမှန်ကာ သေဆုံးခဲ့ရပါတယ်။ ရာဇဂြိုဟ်နဲ့ ငါးမိုင်ခန့်ဝေးတဲ့ တောတနေရာမှာ သွားနေတဲ့ ရာဇဂြိုဟ်ရွာက ဦးအဲဝေရဲ့သား ကိုဖိုးသေးဆိုတဲ့ အမျိုးသား တဦးမှာလည်း မိုးကြိုးထိမှန် သေဆုံးခဲ့တယ်လို့ ဒေသခံ ကိုသန်းအောင်ထံကနေ ဖုန်းသတင်းအရ သိရပါတယ်။ နေအိမ်ပျက်စီးမှုတွေကိုတော့ စစ်ဆေးနေဆဲဖြစ်ပြီ ကိုဖိုးသေး မိုးကြိုးထိမှန်တဲ့ ပုံကိုလည်း သွားရောက် မကြည့်ရသေးတဲ့အတွက် အသေးစိတ် အနေအထား မသိရသေးဘူးလို့ ပြောပါတယ်။ သတင်း - မင်းရဲစစ်နိုင်

A d v e r t i s e m e n t With Us

More News
Up