Home
မြန်မာသတင်း
ဆွေမျိုးများကို ကိုယ်ရေးအရာရှိမခန့်အပ်ရန်တားမြစ်ချက် ဒေါ်အောင်ဆန်းစုကြည်ထုတ်ပြန်
DVB
·
April 25, 2016
ပြည်ထောင်စု အစိုးရအဖွဲ့ဝင်တွေအနေနဲ့ ဇနီး၊ ခင်ပွန်း၊ ဆွေနီးမျိုးစပ်တွေကို ဌာနဆိုင်ရာ အဖွဲ့ အစည်းတွေမှာ ကိုယ်ရေးအရာရှိ ရာထူးတာဝန်တွေ ခန့်အပ်ခြင်းမပြုကြဖို့ သမ္မတရုံးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က ညွှန်ကြားချက် ထုတ်ပြန်ထားပါတယ်။ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ ကိုယ်ရေးအရာရှိခန့်အပ်ခြင်းကိစ္စနဲ့ ပတ်သက်ပြီး ညွှန်ကြားချက် အမှတ် (၁/၂၀၁၆)ကို သမ္မတရုံးဝန်ကြီးက လက်မှတ်ရေးထိုးပြီး အစိုးရတာဝန်စယူပြီး မကြာခင် ဧပြီ ၁ ရက်နေ့ကတည်းက ထုတ်ပြန်ထားတာဖြစ်ပါတယ်။ ဒီညွန်ကြားချက်မှာ ဆွေနီးမျိုးစပ်တွေကို ကိုယ်ရေးအရာရှိရာထူးတာဝန်တွေ မခန့်အပ်ဖို့၊ ဆွေနီးမျိုးစပ်ဆိုတာ မိမိတို့ရဲ့ ညီအစ်ကိုမောင်နှမ၊ သားသမီး၊ သားမက်၊ ချွေးမ၊ တူ၊ တူမနှင့် မြေး၊ မြစ်တို့ကို ဆိုလိုတဲ့အကြောင်းနဲ့ ရာထူးတာဝန်ခန့်အပ်ရာမှာ ဌာနဆိုင်ရာ ၀န်ထမ်းတွေကိုသာ ၀န်ထမ်းစည်းမျဉ်း စည်းကမ်းနဲ့ အညီ ရွေးချယ်တာဝန်ပေးဖို့ ညွှန်ကြားချက်မှာ ဖော်ပြထားပါတယ်။ ဒီညွှန်ကြားချက်ကို လိုက်နာဆောင်ရွက်ကြဖို့ ပြည်ထောင်စုဝန်ကြီးဌာနတွေကို သာမက ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတွေ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့ရုံးတွေကိုပါ ဖြန့်ဝေထားတယ်လို့ အစိုးရပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024