A d v e r t i s e m e n t With Us

အကြမ်းဖက်တိုက်ခိုက်ရန် စီစဉ်မှုဖြင့် ဆယ်ကျော်သက်တဦးကို သြစတြေးလျရဲ ဖမ်းဆီး

အန်းဇတ် စစ်သည်တော်များ ဂုဏ်ပြုပွဲ အခမ်းအနားတွင် ချီတက်နေသည့် တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ - အေအက်ဖ်ပီ)
သြစတြေးလျနိုင်ငံမှာ ဧပြီ ၂၅ ရက် ကျင်းပမယ့် အန်းဇတ် (ANZAC) စစ်သည်တော်များ ဂုဏ်ပြုပွဲ အခမ်းအနားကို အကြမ်းဖက်တိုက်ခိုက်ဖို့ စီစဉ်မှုနဲ့ အသက် ၁၆ နှစ်အရွယ် လူငယ်တဦးကို သြစတြေးလျရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ ဒါဟာ ဒီအခမ်းအနားကို ၂ နှစ်ဆက်တိုက် ပစ်မှတ်ထား တိုက်ခိုက်ဖို့ စီစဉ်မှု ဖြစ်ပါတယ်။ ဒီ အန်းဇတ်နေ့ဟာ ပထမကမ္ဘာစစ်အတွင်း သြစတြေးလျနဲ့ နယူးဇီလန်တပ်ဖွဲ့တွေ ဥရောပ တိုက်ပွဲကြီးတွေမှာ ပထမဆုံး ပါဝင်တိုက်ခိုက်ခဲ့တဲ့နေ့ကို ဂုဏ်ပြုကျင်းပတာ ဖြစ်ပါတယ်။ အရင်နှစ်ကတော့ ဒီအခမ်းအနားမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ခေါင်းဖြတ်သတ်ဖြတ်ဖို့ စီစဉ်ခဲ့တဲ့ အသက် ၁၅ နှစ်အရွယ် ဗြိတိန်လူငယ်တဦးကို ထောင်ဒဏ်တသက် ချမှတ်ခဲ့ပါတယ်။ ဒီတယောက်ကိုလည်း ဧပြီ ၂၅ ရက် တနင်္လာနေ့မှာ တရားရုံးတင်ဖို့ရှိပြီး ပြစ်ဒဏ်ချမှတ်ခံရရင် ထောင်ဒဏ်တသက် ချမှတ်ခံရနိုင်တယ်လို့ ဆိုပါတယ်။ တယောက်တည်းစီစဉ်တယ်လို့ သြစတြေးလျရဲတပ်ဖွဲ့က ယုံကြည်ထားပြီး ဆစ်ဒနီမြို့ သူ့နေအိမ်အနီးမှာပဲ ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up