A d v e r t i s e m e n t With Us

အာဖရိကတိုက်၏ အကျော်ကြားဆုံး ဂီတပညာရှင် ဖျော်ဖြေရင်း လဲကျကွယ်လွန်

ဓာတ်ပုံ - ရိုက်တာ
အာဖရိကတိုက်ရဲ့ အကျော်ကြားဆုံး ဂီတပညာရှင်တဦးဖြစ်တဲ့ ကွန်ဂိုဂီတအနုပညာရှင် ပါပါ ၀မ်ဘာ (Papa Wemba) ဟာ ဧပြီ ၂၄ ရက်က အိုင်ဗရီကို့စ်နိုင်ငံ စင်တင်ပွဲတခုမှာ ဖျော်ဖြေရင်း လဲကျကွယ်လွန်သွားပါတယ်။ သူဟာ ဧပြီ ၂၄ ရက် မနက်ပိုင်းက နေမကောင်းဖြစ်နေခဲ့ပြီး ဘာကြောင့် လဲကျပြီး ကွယ်လွန်သွားတယ်ဆိုတာ လောလောဆယ် အသေးစိတ် မသိရသေးပါဘူး။ ပါပါဝမ်ဘာဟာ အာဖရိကတေးဂီတ၊ ကျူးဘားတေးဂီတနဲ့ အနောက်တေးဂီတ စတိုင်လ်တွေကို ပေါင်းစပ်ပြီး အာဖရိကရဲ့ အကျော်ကြားဆုံး တေးဂီတစတိုင်လ်တမျိုးကို ဖန်းတီးခဲ့သူ ဖြစ်ပါတယ်။ ၁၉၄၉ ခုနှစ်က ကွန်ဂိုနိုင်ငံမှာ မွေးဖွားခဲ့ပြီး သူ့ရဲ့ ဂီတအနုပညာကို ခရစ်ယာန်ဘုရားကျောင်းသီချင်းတွေနဲ့ စတင်ခဲ့ပြီး ကွန်ဂိုတေးဂီတ တမျိုးဖြစ်တဲ့ Rumba တေးဂီတကို ဆန်းသစ်ခဲ့ပါတယ်။ ၁၉၈၇ နဲ့ ၁၉၉၇ ခုနှစ်တွေတုန်းက ရုပ်ရှင် ၂ ကားမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up