အဖွဲ့ချုပ်နှင့် မပတ်သက်ရန် အာဏာပိုင်က ခံဝန်လက်မှတ်ထိုးခိုင်းနေ
DVB
·
August 24, 2011
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနဲ့ မပတ်သက်ဖို့ ရန်ကုန်တိုင်း တွံတေးမြို့မှာ ဒေသခံတွေကို အာဏာပိုင်တွေက လက်မှတ်ထိုးခိုင်းနေတယ်လို့ မြို့ခံ အဖွဲ့ချုပ်ဝင် ကိုဇော်မင်းထွန်းက ပြောပါတယ်။
“အာဏာပိုင်အဖွဲ့အစည်းတွေက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ပတ်သက်တဲ့လူ တွေကို မနေ့က စပြီးတော့ မှတ်တမ်းတွေယူပြီးတော့ နိုင်ငံရေးမလုပ်ပါဘူး၊ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်နဲ့ မပေါင်းပါဘူးပေါ့နော် ခံဝန်ထိုးရမယ် ပြောဆိုပြီးတော့ မှတ်တမ်းတွေ လိုက်ယူနေတယ်။”
ဒီလုပ်ရပ်ဟာ စစ်အစိုးရလက်ထက်ကလိုပဲ လူထုကို အဖွဲ့ချုပ်ဝင်တွေနဲ့ မပေါင်းရဲအောင် လုပ်တာပဲလို့လည်း ဆိုပါတယ်။
ဒီလိုမတားဆီးဖို့ တွံတေးမြို့နယ် အဖွဲ့ချုပ်ဝင်တွေက ရဲစခန်းနဲ့ အုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူတွေကို သွားပြောထားပေမယ့် ဘာမှ မတုံ့ပြန်သေးဘူးလို့ ကိုဇော်မင်းထွန်းက ပြောပါတယ်။
သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရသစ်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေ ထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းကြည်တို့ တွေ့ဆုံမှုတွေ လုပ်နေချိန်မှာ ခုလို လုပ်တာ ဟာ အတော်ဆိုးတယ်လို့လည်း ဆိုပါတယ်။
“ကျနော်တို့ခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော်သမ္မတ တွေ့ဆုံတာကို ကြိုဆိုတယ်၊ လေးစားတယ်၊ ဂုဏ်လည်းယူတယ်။ ဒီလို အထက်လူကြီး တွေနဲ့ တွေ့ဆုံဆွေးနွေးနေတဲ့အချိန်မှာ အောက်ခြေဝန်ထမ်းတွေက လုပ်ချင်သလို လုပ်နေတာကတော့ အကျည်းတန်လွန်းအားကြီးတယ်။”