နမ့်စန်မြို့နယ်တွင် အမျိုးသမီးတဦးထံက စိတ်ကြွဆေးပြား ထောင်ကျော် ဖမ်းမိ
DVB
·
April 25, 2016
ဧပြီလ ၂၄ ရက်နေ့က နမ့်စန်မြို့နယ် မိုင်းစိတ်ကျေးရွာမှာ အမျိုးသမီးထံကနေ စိတ်ကြွဆေးပြား ထောင်ကျော် ဖမ်းဆီးရမိခဲ့ပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ် မိုင်းစိတ်ကျေးရွာ အမှတ် ၄ ရပ်ကွက်မှာနေ မတင်ရီငွေ အိမ်ကို မူးယစ်ဆေးဝါးရောင်းဝယ်နေတဲ့ သတင်းအရ နားရိုင်းပြည်သူ့စစ်အဖွဲ့၊ စရဖ၊ ရဲတပ်ဖွဲ့တို့က ၀င်ရောက်ဖမ်းဆီးခဲ့ရာ စိတ်ကြွဆေးပြား ၁၅၉၅ ပြား ဖမ်းဆီးရမိခဲ့ပါတယ်။
စိတ်ကြွဆေးနဲ့ ဖမ်းမိခဲ့တဲ့ မတင်ငွေရီထံကနေ wy အမှတ်တံဆိပ်ပါ ပန်းရောင်ဆေးပြား ၁၅၉၅ ပြားနဲ့အတူ ငွေကျပ် ၁ သိန်းကို တွေ့ရတဲ့အတွက် နမ့်စန်ရဲစခန်းက မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးဆိုင်ရာ ဥပဒေပုဒ်မတွေနဲ့ အရေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။
(သတင်း၊ ဓာတ်ပုံ - သန်းစိုးအောင်)