A d v e r t i s e m e n t With Us

ဝတ်ဖို့ဒ်ကိုနိုင်ပြီး ခရစ္စတယ်ပဲလေ့စ် အက်ဖ်အေ ဗိုလ်လုပွဲတက် (ရုပ်သံဟိုက်လိုက်)

အက်ဖ်အေဖလား ဆီမီးဖိုင်နယ် ပွဲစဉ်အဖြစ် ခရစ္စတယ်ပဲလေ့စ်နဲ့ ၀တ်ဖို့ဒ်တို့ ဧပြီ ၂၄ ရက်ညက ယှဉ်ပြိုင်ကစားရာ ခရစ္စတယ်ပဲလေ့စ်က ၂ ဂိုး ၁ ဂိုးနဲ့ နိုင်ပြီး နောက်ဆုံး ဗိုလ်လုပွဲကို တက်ရောက်သွားပါတယ်။ ဒါဟာ ခရစ္စတယ်ပဲလေ့စ်အတွက် ၂၆ အတွင်း ပထမဆုံးအကြိမ် အက်ဖ်အေဖလား နောက်ဆုံးဗိုလ်လုပွဲကို တက်ရောက်တာလည်း ဖြစ်ပါတယ်။ ပထမပိုင်းပွဲစပြီး ၆ မိနစ်မှာပဲ ပဲလေ့စ်အတွက် ဘိုလာဆီက အဖွင့်ဂိုး သွင်းယူပေးခဲ့ပြီး ပထမပိုင်းကို ၁ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ ဘိုလာဆီဟာ ဒီပွဲမှာ အဖွင့်ဂိုး သွင်းပေးခဲ့သလို ပွဲစဉ်တလျှောက် အကောင်းဆုံး ကစားနိုင်ခဲ့တဲ့အတွက်လည်း ဒီပွဲအတွက် အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရပါတယ်။ ပွဲချိန် ၅၅ မိနစ်မှာ ၀တ်ဖို့ဒ်အတွက် ချေပဂိုးကို ထရွိုင် ဒီနေးက သွင်းယူပေးခဲ့ပါတယ်။ ခရစ္စတယ်ပဲလေ့စ်အတွက် ဗိုလ်လုပွဲတက်ရောက်နိုင်မယ့် အနိုင်ဂိုးကိုတော့ ၆၁ မိနစ်မှာ ၀စ်ခ်ဟမ်က သွင်းယူပေးခဲ့ပြီး ပွဲအပြီးမှာ ပဲလေ့စ်က ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားတာပါ။ ဒီပွဲစဉ်မှာ ခရစ္စတယ်ပဲလေ့စ်က ၀တ်ဖို့ဒ်ကို အနိုင်ရခဲ့ပေမယ့် ဘောလုံးပိုင်ဆိုင်မှုနဲ့ ဂိုးကန်သွင်းမှုတွေမှာတော့ ၀တ်ဖို့ဒ်က အသာစီး ရခဲ့ပါတယ်။ ခရစ္စတယ်ပဲလေ့စ်ဟာ အက်ဖ်အေဖလား နောက်ဆုံးဗိုလ်လုပွဲအဖြစ် လာမယ့် မေ ၂၁ ရက်နေ့မှာ မန်ချက်စတာယူနိုက်တက်နဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up