Home
မြန်မာသတင်း
မိုးသက်လေပြင်းကြောင့် လူ ၈ ဦးသေ၊ အိမ်ခြေ သောင်းချီ ပျက်စီးဟု ကယ်ဆယ်ရေးပြော
DVB
·
April 24, 2016
မိုးသက်လေပြင်းနဲ့မိုးသီးမုန်တိုင်းတို့ကြောင့် ပြည်နယ်တိုင်း ၅ ခုမှာ လူ ၈ ဦး သေဆုံးပြီး အိမ်ခြေပေါင်း ၁၁၀၀၀ ကျော် ပျက်စီးခဲ့တယ်လို့ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာ ချထားရေးဌာနက ပြောပါတယ်။ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဌာန ညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူလဲ့ထွန်းက ဧပြီ ၂၄ရက် ညနေပိုင်းအထိ ရရှိတဲ့ ကိန်းဂဏန်းတွေအရ သေဆုံးသူ ၈ ဦး ရှိတယ်လို့ ပြောပါတယ်။ “စစ်ကိုင်း၊ ရှမ်း၊ မန္တလေး၊ မကွေး၊ ချင်းမှာ  ပြိုတဲ့အိမ်က ၁၁၀၀ ကျော်၊ အမိုးအကာလန်ပျက်စီးတာက ၁၁၀၀၀ ကျော်၊ လူသေဆုံးတာက စစ်ကိုင်းမှာ ၁ ယောက်၊ ရှမ်းမှာ ၁ ယောက်၊ မန္တလေးမှာ ၆ ယောက်၊ အားလုံး ၈ ယောက်လို့ အကြမ်းဖျင်း ရထားပါတယ်။ ဒဏ်ရာရတဲ့သူက ၁၇ ယောက်၊ ဒါလည်း အပြောင်းအလဲတော့ ရှိနိုင်ပါသေးတယ်။” အဲ့ဒီပြည်နယ်တိုင်း ၅ ခုမှာ ဧပြီ ၂၂ ရက်ကစလို့ မိုးသက်လေပြင်းကျခြင်း၊ မိုးသီးမုန်တိုင်းများကျခြင်း၊ လေပြင်းတိုက်ခတ်ခြင်းတို့ဖြစ်ပွားခဲ့ပြီး လူသေဆုံး၊ အဆောက်အဦပြို ကျပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့တာပါ။ အခုရက်ပိုင်းအတွင်း အဲ့ဒီ  ပြည်နယ်တိုင်း ၅ ခုမှာ မိုးသီးကြွေပြီး လေပြင်းတိုက်မယ့် ဖြစ်စဉ်တွေကို ပိုပြီး သတိထားဖို့လိုတယ်လို့ မိုးလေ၀သဌာနက ပြောပါတယ်။ ဒီမိုးလေ၀သဖြစ်စဉ်ဟာ နောက်နှစ်ရက်လောက်အထိ ဖြစ်ပေါ်နိုင်သေးတယ်လို့လည်း မိုးဇလက ပြောပါတယ်။ မိုးတိမ်တောင်ကြောင့် မိုးသက်လေပြင်းကျခြင်း၊ မိုးကြိုးပစ်ခြင်း စတဲ့ မိုးလေ၀သဖြစ်စဉ်တွေဟာ အခုလိုအချိန်ရောက်တိုင်း ဖြစ်ပေါ်လေ့ရှိပြီး ဒီနှစ်ကတော့ အယ်လ်နီညိုနှစ်ဖြစ်တာကြောင့် ဖြစ်စဉ်တွေ ပိုပြီးပြင်းထန်နေတာ ဖြစ်ပါတယ်။ တမူးမြို့ အပျက်အစီးများ (ဓာတ်ပုံ - မင်းရဲစစ်နိုင်)  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024