Home
မြန်မာသတင်း
အလှပဆုံး စာအုပ်စတိုးဆိုင် တရုတ်တွင် စမ်းသပ်ဖွင့်လှစ်(ဓာတ်ပုံ)
DVB
·
April 24, 2016
13083315_1194037570637061_1861423533814534238_n
13077050_1194037563970395_5658031256018070723_n
13076874_1194037577303727_6433721370733493277_n
13076777_1194037503970401_8709251850054943143_n
13076659_1194037500637068_1787535635990772615_n
13015335_1194037497303735_7885631977128305333_n
အတွင်းပိုင်းမှာ လှပတဲ့ ဒီဇိုင်းအပြင်အဆင်တွေကြောင့် အလှပဆုံးစာအုပ်စတိုး ဆိုင်အဖြစ်ရေပန်းစားနေတဲ့ ဇောင်းရှုအမည်ရတဲ့ စာအုပ်ဆိုင်ကို ကမ္ဘာ့စာအုပ်များနေ့ ဖြစ်တဲ့ ဧပြီလ ၂၃ ရက်နေ့မှာ စတင်ဖွင့်လှစ်လိုက်ပါတယ်။ တရုတ်နိုင်ငံအရှေ့ပိုင်း၊ ဟန်ကျိုးမြို့မှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး နောက်ထပ် ဆိုင်ခွဲ ၂ ခုကိုတော့ တရုတ်နိုင်ငံရဲ့ စီးပွားရေးအချက်အချာမြို့ဖြစ်တဲ့ ရှန်ဟိုင်းမြို့မှာ ဖွင့်လှစ်ခဲ့တာလို့ ဆင်ဟွာသတင်းမှာ ဖော်ပြပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ လူတိုင်းဟာ မိုဘိုင်းဆက်သွယ်ရေးကိရိယာ တွေကတဆင့် ဖတ်ရှုလာကြတာတွေ ပိုများလာတာမို့ ခုလိုဖွင့်လှစ်လိုက်တဲ့ စာအုပ်ဆိုင်တွေဟာ စီးပွားရေးအရ အကျိုးအမြတ် ရှိနိုင်မလားဆိုတာကတော့ သဲသဲကွဲကွဲမသိနိုင် သေးဘူးလို့ ဆိုပါတယ်။ တရုတ်နိုင်ငံ စာနယ်ဇင်းနဲ့ စာအုပ်ထုတ်ဝေရေးအကယ်ဒမီက မကြာသေးမီက ထုတ်ပြန်တဲ့ စာရင်းဇယားတွေအရ ပြီးခဲ့တဲ့နှစ်က ပျမ်းမျှ တဦးချင်း စာအုပ်ဖတ်တဲ့နှုန်းဟာ ၄ ဒဿမ ၅၈ ရှိတာမို့ ဒါဟာ မိုဘိုင်းမှတဆင့်ဖတ်ရှုခြင်းထက် ပိုတိုးတက်လာတယ် လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် တခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင်တော့ တဦးချင်းစာဖတ်နှုန်းမှာ ပြင်သစ်က ၁၂၊ တောင်ကိုရီးယားက ၁၁၊ ဂျပန်က ၉နဲ့ အမေရိကန်က ၇ အသီးသီးရှိ နေတာမို့ တရုတ်နိုင်ငံအနေနဲ့ စာဖတ်နှုန်းနိမ့်ကျနေသေးတယ်လို့ ဆိုရမှာပါ။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024