A d v e r t i s e m e n t With Us

တနင်္သာရီမြို့ ဆရာတော်ဈာပနသွားသည့်ကား တိမ်းမှောက်

မြိတ်မြို့ ကဘင်းကျေးရွာကနေ ထွက်ခွာလာတဲ့ Town Ace ကားတစီးဟာ တနင်္သာရီမြို့အနီးမှာ တိမ်းမှောက်ခဲ့လို့ လူ ၁၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ဖြစ်ပွားပုံမှာ မြိတ်မြို့ ကျောက်ဖျာကျေးရွာအုပ်စု ကဘင်းကျေးရွာကနေ တနင်္သာရီမြို့ရှိ ဝင်္ကဘာဆရာတော် ဈာပနကိုသွားဖို့ ထွက်ခွာလာတဲ့ကားဟာ ဆန်းသစ်ကျေးရွာအနီးမှာ ဘေးက ကျော်တက်လာတဲ့ ဆိုင်ကယ်ကို တိမ်းရှောင်လိုက်ရာကနေ တိမ်းမှောက်ခဲ့တာ ဖြစ်ပါတယ်။ ယာဉ်တိမ်းမှောက်မှုကြောင့် လူသေဆုံးမှုမရှိသော်လည်း ကလေးငယ် ၁ ဦး၊ အမျိုးသမီး ၉ ဦးနဲ့ အမျိုးသား ၄ ဦး ပါဝင်ပြီး အဲဒီထဲမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတဦးလည်း ပါဝင်တယ်လို့ သိရပါတယ်။ သတင်းဓာတ်ပုံ - မြတ်ထွဋ် (မြိတ်)  

A d v e r t i s e m e n t With Us

More News
Up