၈၈ နှစ်အရွယ် အဘွားအို အသက်အကြီးဆုံး မာရသွန်အပြေးမယ် ဖြစ်လာ

938
အသက်အရွယ်ဟာ ကိန်းဂဏန်းတခုအနေနဲ့ အရေးမကြီးပေမယ့် အဘွားအို အီဗာဘားအတွက်တော့ ထူးခြားတယ်လို့ ဆိုရမှာပါ။
ဘာလို့လဲဆိုတော့ အသက် ၈၈ နှစ်အရွယ် အီဗာဘားဟာ ဧပြီလ ၂၄ ရက်နေ့မှာ ကျင်းပမယ့် လန်ဒန်မာရသွန်ပြိုင်ပွဲရဲ့ အသက်အကြီးဆုံး အပြေးမယ်တဦးဖြစ်လာလို့ပါပဲ။
[caption id="attachment_146573" align="aligncenter" width="620"]
အဘွားအို အီဗာဘား[/caption]
အီဗာဟာ သူ့ရဲ့ပထမဆုံး အပြေးပြိုင်ပွဲအတွေ့အကြုံကို ၁၉၈၂ ခုနှစ်မှာ ၂၆ ဒ ဿမ ၂ မိုင်အကွာအဝေးပြိုင်ပွဲနဲ့ စတင်ခဲ့တာပါ။
ခုယှဉ်ပြိုင်မယ့်ပြိုင်ပွဲကတော့ သူ့ရဲ့ အကြိမ် ၂၀ မြောက်ပြိုင်ပွဲတခုဖြစ်လာတော့မှာပါ။
အီဗာက “ကျမ လန်ဒန်မာရသွန်ပြိုင်ပွဲကို နှစ်သက်ပါတယ်။ ဒါဟာ မြို့လယ်လမ်း မကြီးတခုပေါ်က ပါတီပွဲတခုလိုပါပဲ။
ဒီနှစ်အတွက်တော့ လေ့ကျင့်မှုကောင်းကောင်း တော့မလုပ်ထားနိုင်ခဲ့ပါဘူး။ ကျမချော်လဲခဲ့ပြီး ပခုံးမှာ ထိခိုက်ထားတယ်။ ပြိုင်ပွဲတခု တုန်းကလည်း တယောက်ယောက်နဲ့ တိုက်မိပြီး ဒဏ်ရာရထားတာပါ။ ဒါပေမယ့် တခြား နည်းလမ်းတခုခုနဲ့တော့ ကျမပြေးနိုင်ပါလိမ့်မယ်”လို့ ပြောပါတယ်။
အီဗာဟာ ကလေးထိန်းသူနာပြုတဦးဖြစ်ပြီး အသက် ၅၅ နှစ်အရွယ်မှာစတင်ပြေး ခဲ့သူတဦးဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်က ရရှိခဲ့တဲ့ ဆုကြေးငွေပေါင် ၁ သောင်း ကျော်ကို ပရဟိတလုပ်ငန်းတွေအတွက်သုံးစွဲခဲ့တာပါ။
သူဟာ ၀န်ကြီးချုပ်ရဲ့ အလင်းရောင်ဆုံမှတ်(Point of Light)အမည်ရဆုတံဆိပ် ကို ရရှိထားသူဖြစ်ပြီး အခုနှစ်ယှဉ်ပြိုင်မှုမှာတော့ Whizz-Kidz အမည်ရ မသန်စွမ်းက လေးသူငယ်တွေအတွက် ရန်ပုံငွေမြှင့်တင်ရေုးလုပ်ငန်းတွေ လုပ်ဆောင်နိုင်ဖို့ စီစဉ်ထား တယ်လို့ ဆိုပါတယ်။
“ဒါဟာ မယုံကြည်နိုင်လောက်စရာ ဂုဏ်ပြုမှုပါပဲ။ လူတိုင်းဟာ ကျမကို ပြေးလမ်း ပေါ်မှာ ကောင်းကောင်းပြေးနိုင်ဖို့ ဆုတောင်းပေးနေကြတယ်။ တဦးချင်းစီကိုလည်း ကျေးဇူးတင်ပါတယ်။ ပြေးလမ်းမိုင်အမှတ် ၂၂ မှာ ကျမကို စောင့်ပြီး အားပေးနေမယ့် Whizz-Kidz အဖွဲ့က ကလေးတွေကို ရပ်ပြီး နှုတ်ဆက်မှာပါ။ ကျမ သူတို့အတွက်ပြေးရ တာကို မြတ်နိုးပါတယ်။”
[caption id="attachment_146572" align="aligncenter" width="620"]
အဘိုးအို ဖော်ဂျာဆင်းဂ်ျ[/caption]
လန်ဒန်မာရသွန်အပြေးပြိုင်ပွဲမှာ အသက်အကြီးဆုံးပုဂ္ဂိုလ်အဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့တာဟာ ၂၀၀၄ ခုနှစ်ကဖြစ်ပြီး အသက် ၉၃ နှစ်အရွယ် အဘိုးအို ဖော်ဂျာဆင်းဂ်ျဖြစ်ပါတယ်။

