A d v e r t i s e m e n t With Us

ပျက်ကျ လေယာဉ်မှူးကို ဖမ်းမိဟု အိုင်အက်စ်ကြေညာ (ရုပ်သံ)

ဆီးရီးယားနိုင်ငံ ဒမာစကက်မြို့ အရှေ့တောင်ပိုင်းမှာ ပျက်ကျသွားတဲ့ လေယာဉ်ပေါ်က လေယာဉ်မောင်းကို သူတို့ ဖမ်းမိထားတယ်လို့ အစ္စလာမ္မစ်နိုင်ငံအမည်ခံ အိုင်အက်စ်အကြမ်းဖက်အဖွဲ့က ကြေညာပါတယ်။ လေယာဉ်မှူးရဲ့အမည် အက်ဇမ် အစ်ဒ်ဆိုသူဖြစ်ပြီး လေထီးနဲ့ ခုန်ချခဲ့လို့ အသက်ရှင်ခဲ့တယ်လို့ အိုင်အက်အဖွဲ့နဲ့ ဆက်နွှယ်မှုရှိတဲ့ Amaq အာမက် သတင်းဌာနက ဆိုပါတယ်။ လေယာဉ်ပျက်ကျပြီး မီးလောင်နေတဲ့ပုံကိုလည်း သတင်းဌာနက တင်ပြပါတယ်။ ဆီးရီးယားစစ်တပ်ကို ကိုးကားတဲ့  Interfax  အင်တာဖက် ရုရှားသတင်းမှာတော့ ပျက်ကျသွားတဲ့ လေယာဉ်ဟာ ဆီးရီးယားလေတပ် အပိုင်ဖြစ်ပြီး စက်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှုကြောင့် ပျက်ကျသွားတယ်လို့ ဆိုပါတယ်။ ဆီးရီးယား လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကတော့ လေယာဉ်ဟာ အိုင်အက်စ်အဖွဲ့က ထိန်းချုပ်ထားတဲ့ နယ်မြေမှာ ပျံသန်းစဉ်မှာ ပျက်ကျသွားတယ်လို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up