မန္တလေးမြို့တွင် လေပြင်းတိုက် မိုးသီးကြွေ (ရုပ်သံ)
DVB
·
April 24, 2016
မန္တလေးမြို့မှာ ဧပြီ ၂၃ ရက် ညနေ ၆း၃၀ နာရီလောက်က စတင်လို့ လေပြင်းတွေ တိုက်ခတ် မိုးသီးတွေ သည်းထန်စွာ ကျဆင်းခဲ့ပြီး မိုးရေပါဝင်မှုတော့ နည်းပါးခဲ့ပါတယ်။
မိုးသီးကျခြင်းနဲ့ လေပြင်းတိုက်ခက်တာဟာ ၁၅ မိနစ်လောက် ကြာမြင့်ခဲ့ပြီး တချို့နေရာတွေမှာ ကျခဲ့တဲ့ မိုးသီးအရွယ်အစားဟာ ကြက်ဥလုံးလောက်ထိ ကြီးတယ်လို့ မြို့ခံတွေက ပြောပါတယ်။
လူနဲ့တိရစ္တာန်ထိခိုက်သေဆုံးမှု ရှိ မရှိနဲ့ ပျက်စီး ဆုံးရှုံးမှုသတင်းတော့ သက်ဆိုင်ရာက ခုထိ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။
ရိုက်ကူး - တာရာ