Home
ဆောင်းပါး
လူ့​အခွင့်​အ​ရေး​တိုက်ပွဲဝင်ပုဂ္ဂိုလ်များ​ အပိုင်း​ ၅
DVB
·
August 24, 2011
ဒီက​နေ့​ အ​မေရိကန်ပြည်​ထောင်စုအ​ကြောင်း​ကို စဉ်း​စား​လိုက်ရင် ဒီမိုက​ရေစီအ​ရေး​ လူ့​အခွင့်​အ​ရေး​၊​ နိုင်ငံသား​အခွင့်​အ​ရေး​ စသဖြင့်​ လူသား​တ​ယောက် ရရှိသင့်​ရရှိထိုက်တဲ့​ အခွင့်​အ​ရေး​တွေ အလျှံပယ်ရရှိ​နေတဲ့​ နိုင်ငံတခုအဖြစ် မြင်မိမှာဖြစ်ပါတယ်။ ဒါ​ပေမယ့်​ အ​မေရိကန်နိုင်ငံသား​တွေ ဒီလို လူ့​အခွင့်​အ​ရေး​တွေကို အလိုလိုရရှိခဲ့​တာ မဟုတ်သလို အလွယ်တကူရရှိခဲ့​တာလည်း​ မဟုတ်ပါဘူး​။ လူသား​ရဲ့​ လွတ်လပ်မှုကို ဦး​ထိပ်ထား​တဲ့​ ပုဂ္ဂိုလ်​ကျော်​တွေရဲ့​ အနစ်နာခံတိုက်ပွဲဝင်ခဲ့​မှု​တွေ​ကြောင့်​ ရရှိခဲ့​တာဖြစ်ပါတယ်။ ​ထောင်ဒဏ်ကျခံရတာ​တွေ၊​ ရိုက်နှက် သတ်ဖြတ်ခံရတာ​တွေက စပြီး​ ကိုယ့်​အသက်ကို စ​တေး​ခဲ့​ရတဲ့​အထိ အ​မေရိကန် လူ့​အခွင့်​အ​ရေး​တိုက်ပွဲ​တွေဟာ ပြင်း​ထန်ကြမ်း​တမ်း​ခဲ့​ပါ တယ်။ ဒီလို အသက်ကိုစ​တေး​ပြီး​ တိုက်ပွဲဝင်ခဲ့​သူတဦး​က​တော့​ အ​မေရိကန် လူမည်း​အခွင့်​ အ​ရေး​ခေါင်း​ဆောင် မာတင်လူသာကင်း​ ဖြစ်ပါတယ်။ မာတင်လူသာကင်း​ဟာ ခရစ်ယာန်သာသနာ့​ဝန်ထမ်း​မိသား​စုက ​မွေး​ဖွား​လာသူ ဖြစ်ပါတယ်။ ၁၉၂၉ ခုနှစ် ဇန်နဝါရီ ၁၅ ရက်မှာ ​မွေး​ဖွား​တာပါ။ ပညာထူး​ချွန်တဲ့​ မာတင်လူသာကင်း​ဟာ ၁၉၅၅ ခုနှစ် အသက် ၂၆ နှစ်အရွယ်မှာပဲ ဘာသာ​ရေး​အ​တွေး​အ​ခေါ် စာတမ်း​တ​စောင်ကို ပြုစုပြီး​ Dooctor of Philosophy ပါရဂူ့​ဘွဲ့​ကို ရရှိခဲ့​ပါတယ်။ ပါရဂူဘွဲ့​ မရခင်ကတည်း​က ခရစ်ယာန်ဘုရား​ရှိခိုး​ကျောင်း​တို့​ရဲ့​ တရား​ဟောဆရာအဖြစ် အမှုထမ်း​ပြီ။ မာတင်လူသာကင်း​ ပါရဂူဘွဲ့​ရတဲ့​နှစ်မှာပဲ လူမည်း​တွေရဲ့​ အခွင့်​အ​ရေး​နဲ့​ ပတ်သက်ဆက်နွယ်​နေတဲ့​ အ​ရေး​အခင်း​တခု ဖြစ်ပွား​ပါတယ်။ ဒါက​တော့​ ဘတ်စ်ကား​စီး​ရာမှာလူမည်း​တွေကို လူဖြူ​တွေနဲ့​ တန်း​တူမ​ပေး​ဘဲ နှိမ်ချတဲ့​အတွက်​ကြောင့်​ ဘတ်စ်ကား​သပိတ်​မှောက်ပွဲကြီး​တခုကို လူမည်း​တွေက ဆင်နွှဲလိုက်ခြင်း​ ဖြစ်ပါတယ်။ ရိုစာပတ်ခ် ဆိုတဲ့​ လူမည်း​အမျိုး​သမီး​တ​ယောက်ဟာ အလုပ်က​နေ အိမ်ကိုပြန်လာတဲ့​အခါ ဘတ်စ်ကား​ပေါ်မှာ လူဖြူတ​ယောက်အတွက် ​နေရာဖယ်​ပေး​ဖို့​ ဒရိုင်ဘာက ခိုင်း​တာကို လက်မခံဘဲ ငြင်း​ဆန်ရာက ဒီသပိတ်ပွဲကြီး​ ​ပေါ်​ပေါက်လာခြင်း​ပါ။ အဲဒီအချိန်က မာတင်လူသာကင်း​တို့​၊​ ရိုစာပတ်ခ်တို့​ ​နေတဲ့​ ​မောင်ဂိုမာရီမြို့​မှာ လူဖြူလူမည်း​ အဆင့်​အတန်း​ခွဲခြား​မှုဟာ အလွန်ကြီး​မား​ပါတယ်။ ဘတ်စ်ကား​ရဲ့​ ​ရှေ့​တန်း​ခုံ​တွေက လူဖြူ​တွေအတွက် သီး​သန့်​ဖြစ်ပါတယ်။ လူမည်း​တွေက​တော့​ ကား​နောက်ပိုင်း​မှာပဲ စီး​နင်း​ခွင့်​ရှိခဲ့​ပါတယ်။ လူဖြူတ​ယောက်က ​နေရာမရဘဲ ဖြစ်​နေရင်လည်း​ လူမည်း​တွေက ထိုင်ခုံ​နေရာ ဖယ်​ပေး​ရမယ်လို့​ ဥပ​ဒေထုတ်ပြန်ထား​တဲ့​အထိ ခွဲခြား​ဆက်ဆံမှု​တွေ ဆိုး​ရွား​ခဲ့​ပါတယ်။ လူဖြူအတွက် ​နေရာဖယ်မ​ပေး​တဲ့​ ရိုစာပတ်ခ်ကို ကား​ဒရိုင်ဘာက ရဲ​ခေါ်ပြီး​ ဖမ်း​ခိုင်း​ပါတယ်။ ဒီလိုနဲ့​ ရက်​ပေါင်း​ ၃၈၂ ရက်ကြာမြင့်​တဲ့​ ဘတ်စ်ကား​သပိတ်​မှောက်ပွဲကြီး​ ဖြစ်လာပါတယ်။ တကယ်​တော့​ ​မောင်ဂိုမာရီမြို့​မှာ ဘတ်စ်ကား​စီး​သူ ၇၅ ရာခိုင်နှုန်း​က လူမည်း​တွေဖြစ်ပါတယ်။ ဒါ​ကြောင့်​ လူမည်း​တွေက ဘတ်စ်ကား​မစီး​ဘဲ ​နေတဲ့​အခါ ဘတ်စ်ကား​လုပ်ငန်း​နဲ့​ စီး​ပွား​ရှာ​နေတဲ့​ လူဖြူ​တွေဟာ အကြီး​အကျယ် ထိခိုက်ခဲ့​ပါတယ်။ မာတင်လူသာကင်း​ဟာ ဒီသပိတ်​မှောက်ပွဲကို ​ခေါင်း​ဆောင်ခဲ့​တဲ့​အတွက် ဖမ်း​ဆီး​တာ၊​ အကြမ်း​ဖက်တာ​တွေကို ခံခဲ့​ရပါတယ်။ ​နောက်ဆုံး​ သူ့​အိမ်ထဲကို ဗုံး​ပစ်ပြီး​ ခွဲတဲ့​အထိ ခံရပါတယ်။ ဒါ​ပေမယ့်​ မာတင်လူသာကင်း​နဲ့​တကွ လူမည်း​တွေအား​လုံး​ဟာ သပိတ်​မှောက်ပွဲကို စိတ်ဓာတ်ခိုင်မာစွာနဲ့​ ဆင်နွှဲနိုင်ခဲ့​ပါတယ်။ ဒါ​ကြောင့်​ ​နောက်ဆုံး​မှာ ​တော့​ ဘတ်စ်ကား​စီး​ရာမှာ လူဖြူလူမည်း​ခွဲခြား​တဲ့​ ဥပ​ဒေကို အစိုး​ရက ပယ်ဖျက်​ပေး​လိုက် ရပါ​တော့​တယ်။ ဒီအချိန်ကစပြီး​ မာတင်လူသာကင်း​ဟာ လူမည်း​အခွင့်​အ​ရေး​တိုက်ပွဲမှာ နာမည်​ကျော်ကြား​လာသလို အရှိန်အဟုန်ကြီး​စွာ လှုပ်ရှား​လာပါ​တော့​တယ်။ ၁၉၅၇ ခုနှစ်မှာ အ​မေရိကန်​တောင်ပိုင်း​ ခရစ်ယာန်​ခေါင်း​ဆောင်များ​ကွန်ဖရင့်​ကို တည်​ထောင်ဖွဲ့​စည်း​ပါတယ်။ ဒီအဖွဲ့​က လူမည်း​အခွင့်​အ​ရေး​အတွက် ပိုမိုကျယ်ပြန့်​တဲ့​ လှုပ်ရှား​မှု​တွေ လုပ်ဖို့​ ဖြစ်ပါတယ်။ အဲဒီနှစ် ​မေလအတွင်း​မှာပဲ မာတင်လူသာကင်း​က ဝါရှင်တန်ဒီစီမှာ လူထုပရိသတ် ၁၅,၀၀၀ ကို စကား​ပြောပါတယ်။ ဒီအချိန်ကစပြီး​ မာတင်လူသာကင်း​ဟာ လူထုလှုပ်ရှား​မှု​တွေကို စဉ်ဆက်မပြတ် ဦး​ဆောင်ပြုလုပ်ပါတယ်။ သူကွယ်လွန်ချိန် ၁၉၆၈ ခုနှစ်အထိ ၁၁ နှစ်တာ ကာလအတွင်း​မှာ မိုင်​ပေါင်း​ ၆ သန်း​ကျော် ခရီး​ထွက်ပြီး​ လူထု​ဟော​ပြောပွဲ ၂,၅၀၀ ​ကျော် ပြုလုပ်ခဲ့​ပါတယ်။ မာတင်လူသာကင်း​ဟာ မတရား​မှု​တွေ၊​ မမျှတမှု​တွေ လူ့​အခွင့်​အ​ရေး​ချိုး​ဖောက်မှု ​တွေ ရှိတဲ့​နေရာမှန်သမျှကို သွား​ပြီး​ လူထုတိုက်ပွဲ​တွေ ဆင်နွှဲခဲ့​တာပါ။ တ​နေရာမှာ မတရား​မှုတခု ရှိ​နေတာဟာ တခြား​နေရာမှာရှိ​နေတဲ့​ တရား​မျှတမှုအတွက်လည်း​ ​ဘေး​အန္တရာယ်တခုဖြစ်တယ်လို့​ ​ရေး​သား​ခဲ့​ပါတယ်။ ဒါ​ကြောင့်​ မတရား​မှုဆိုရင် ဘယ်​လောက်​ဝေး​လံတဲ့​နေရာမှာပဲ ရှိ​နေပါ​စေ သွား​ရောက်ဖယ်ရှား​ဖို့​ မာတင်လူသာကင်း​ဟာ စိတ်အား​ထက်သန်​နေတတ်ပါတယ်။ မာတင်လူသာကင်း​ရဲ့​ ကမ္ဘာ​ကျော်လှုပ်ရှား​မှုတခုက​တော့​ ၁၉၆၃ ခုနှစ်မှာ ဝါရှင်တန်ဒီစီကို ချီတက်တဲ့​ပွဲ ဖြစ်ပါတယ်။ ဒီပွဲက အ​မေရိကန် ​တောင်ပိုင်း​ဒေသက လူမည်း​တွေရဲ့​ အခွင့်​အ​ရေး​ကို ​တောင်း​ဆိုဆန္ဒပြတဲ့​ပွဲဖြစ်ပါတယ်။ စာသင်​ကျောင်း​တွေမှာ လူဖြူလူမည်း​ခွဲခြား​မှု ရုပ်သိမ်း​ဖို့​၊​ အလုပ်အကိုင်မှာလည်း​ လူမျိုး​ခွဲခြား​မှုကို တား​ဆီး​တဲ့​ ဥပ​ဒေပြဌာန်း​ပေး​ဖို့​၊​ လူ့​အခွင့်​အ​ရေး​တောင်း​ဆိုလှုပ်ရှား​သူ​တွေကို ရဲ​တွေက အကြမ်း​ဖက်ဖြိုခွင်း​တာမျိုး​ မလုပ်​အောင် အကာအကွယ်​ပေး​ဖို့​ အလုပ်သမား​တွေအတွက် အ​ခြေခံအလုပ်သမား​ခကို စံချိန်စံညွှန်း​မီ​အောင် ​ပေး​ဖို့​ စတဲ့​တောင်း​ဆိုချက်​တွေ ပါဝင်ပါတယ်။ လူမည်း​ ၂၅၀,၀၀၀ ​ကျော် ပါဝင်ခဲ့​တဲ့​ အလွန်ကြီး​ကျယ်တဲ့​ ဆန္ဒပြပွဲကြီး​ ဖြစ်ပါတယ်။ [caption id="attachment_14651" align="alignright" width="300" caption="မာတင်လူသာကင်း"][/caption] ဒီပွဲမှာ မာတင်လူသာကင်း​ဟာ “ကျ​နော့်​မှာ အိပ်မက်တခု ရှိတယ်” ဆိုတဲ့​ ​ခေါင်း​စဉ်နဲ့​ ​ဟော​ပြောပါတယ်။ “ကျ​နော့်​မှာ အိပ်မက်တခုရှိတယ်။ ဒီအိပ်မက်က​တော့​ တ​နေ့​ကျရင် ကျ​နော်တို့​ နိုင်ငံဟာ လူအား​လုံး​ တန်း​တူညီမျှဖြစ်တယ်ဆိုတဲ့​ ယုံကြည်ချက်ကို အ​ကောင်အထည် ​ဖော်လိမ့်​မယ် ဆိုတဲ့​ အိပ်မက်ဖြစ်ပါတယ်။ “ကျ​နော့်​မှာ အိပ်မက်တခုရှိတယ်။ ဒီအိပ်မက်က​တော့​ တ​နေ့​ကျရင် ကျ​နော့်​ရင် ​သွေး​ ​လေး​ယောက်ကို အသား​အ​ရောင်နဲ့​ လူဆိုး​လူ​ကောင်း​သတ်မှတ်တာမဟုတ်ဘဲ သူ့​အကျင့်​စာရိတ္တနဲ့​ သတ်မှတ်လိမ့်​မယ်ဆိုတဲ့​ အိပ်မက်ဖြစ်ပါတယ်။ “ကျ​နော့်​မှာ အိပ်မက်တခုရှိတယ်။ ဒီအိပ်မက်က​တော့​ တ​နေ့​ကျရင် ​ဂျော်ဂျီယာပြည် နယ်က ​တောင်ကုန်း​တွေ​ပေါ်မှာ ကျွန်ဖြစ်ခဲ့​သူ​တွေရဲ့​ သား​သမီး​တွေနဲ့​ ကျွန်ပိုင်ရှင်ဖြစ်ခဲ့​သူ ​တွေရဲ့​ သား​သမီး​တွေ ညီအစ်ကို​မောင်နှမ​တွေလို ချစ်ကြည်ရင်း​နှီး​စွာ အတူတူ ​နေထိုင်နိုင်ကြလိမ့်​မယ်ဆိုတဲ့​ အိပ်မက်ဖြစ်ပါတယ်။” လူမည်း​လည်း​လူပဲ၊​ လူဖြူလည်း​လူပဲ၊​ အသား​အ​ရောင်နဲ့​ လူလူချင်း​ ခွဲခြား​ ဆက်ဆံတာဟာ မမှန်ကန်ဘူး​ဆိုတာကို အလွန်ထက်မြက်တဲ့​ အ​ပြောအဆို အလွန်အား​ကောင်း​တဲ့​ စကား​လုံး​တွေနဲ့​ ​ပြောခဲ့​တာပါ။ မာတင်လူသာကင်း​ဟာ ဒီလို ​ဟော​ပြောမှုမျိုး​နဲ့​ လူ​တွေရဲ့​ နှလုံး​သား​ကို ဖမ်း​စား​ခဲ့​တာပါ။ မာတင်လူသာကင်း​ရဲ့​ ​ခေါင်း​ဆောင်မှု​အောက်မှာ လူမည်း​အခွင့်​အ​ရေး​တိုက်ပွဲဟာ အ​မေရိကန်ပြည်​ထောင်စုကို ​ကောင်း​ကောင်း​ကြီး​ တုန်လှုပ်​ချောက်ချား​စေပါတယ်။ ကမ္ဘာကြီး​တခုလုံး​ကလည်း​ မာတင်လူသာကင်း​ရဲ့​ ​ပြောဆိုချက်​တွေ၊​ လှုပ်ရှား​မှု​တွေကို ဂရုတစိုက် နား​ထောင်ကြည့်​ရှု​နေကြပါတယ်။ ဒါ​ကြောင့်​ သမ္မတ က​နေဒီကိုယ်တိုင် မာတင်လူသာကင်း​နဲ့​ ​တွေ့​ဆုံညှိနှိုင်း​ခဲ့​ရပါတယ်။ ဒီလိုနဲ့​ ၁၉၆၄ ခုနှစ်အတွက် ငြိမ်း​ချမ်း​ရေး​နိုဘယ်ဆုဟာ မာတင်လူသာကင်း​အတွက် ဖြစ်သွား​ခဲ့​ပါတယ်။ ဒီဆုရတဲ့​အချိန်မှာ မာတင်လူသာကင်း​ဟာ အသက် ၃၅ နှစ်ပဲ ရှိပါ​သေး​တယ်။ အဲဒီအချိန်မှာ အ​မေရိကန်ပြည်​ထောင်စုဟာ ဘက်​ပေါင်း​စုံ အကျပ်အတည်း​ ရင်ဆိုင်​နေရတဲ့​ အချိန်ပါ။ ဗီယက်နမ်စစ်ပွဲကို ဆင်နွှဲ​နေတဲ့​အချိန်ဖြစ်သလို ဆိုဗီယက်ဦး​ဆောင်တဲ့​ ကွန်မြူနစ်အုပ်စုနဲ့​လည်း​ အကြိတ်အနယ် ယှဉ်ပြိုင်​နေရတဲ့​အချိန် ဖြစ်ပါတယ်။ ၁၉၆၃ ခုနှစ် နိုဝင်ဘာ ၂၃ ရက်မှာ အ​မေရိကန်သမ္မတ ဂျွန်အက်ဖ်က​နေဒီ လုပ်ကြံခံရပါတယ်။ က​နေဒီလုပ်ကြံခံရအပြီး​ ​နောက် ၅ နှစ်အကြာ ၁၉၆၈ ခုနှစ် ဧပြီ ၄ ရက်မှာ လူ့​အခွင့်​အ​ရေး​ခေါင်း​ဆောင် မာတင်လူသာကင်း​ လုပ်ကြံခံရပါတယ်။ တင်နက်စီပြည်နယ် မင်း​ဖစ်စ်မြို့​က သန့်​ရှင်း​ရေး​အလုပ်သမား​တွေရဲ့​ အခွင့်​အ​ရေး​အတွက် ဆန္ဒပြပွဲကို ​ဟော​ပြောဖို့​ ​ရောက်​နေချိန်မှာ သူတည်း​ခိုတဲ့​ ဟိုတယ်ရဲ့​ ဝရန်တာမှာ ရပ်​နေတုန်း​ ​သေနတ်နဲ့​ အပစ်ခံရတာ ဖြစ်ပါတယ်။ မာတင်လူသာကင်း​ လုပ်ကြံခံရတယ်ဆိုတဲ့​သတင်း​ ပျံ့​နှံ့​သွား​တဲ့​အခါ အ​မေရိကန်ပြည်​ထောင်စုအတွင်း​ မြို့​ကြီး​ ၆၀ ​ကျော်မှာ ရုန်း​ရင်း​ဆန်ခတ်မှု​တွေ ဖြစ်ပွား​ခဲ့​ပါ တယ်။ ကွယ်လွန်ပြီး​ ၅ ရက်မှာ အ​မေရိကန်သမ္မတဂျွန်ဆင်က အများ​ပြည်သူ ရုံး​ပိတ်ရက်အဖြစ် သတ်မှတ်​ပေး​လိုက်ပါတယ်။ အဲဒီ​နေ့​မှာ သူ့​ဈာပနကို ပြည်သူ သုံး​သိန်း​ကျော် တက်​ရောက်ခဲ့​ပါတယ်။ မာတင်လူသာကင်း​ပြောခဲ့​တဲ့​ စကား​တခွန်း​ ရှိပါတယ်။ “နိုင်ငံတနိုင်ငံဟာ ဘဏ္ဍာ​ငွေကို သုံး​စွဲတဲ့​နေရာမှာ လူမှုတိုး​တက်​ရေး​အတွက် နည်း​နည်း​ပဲသုံး​ပြီး​ စစ်တပ်အတွက်​တော့​ များ​များ​သုံး​နေမယ်ဆိုရင် အဲဒီနိုင်ငံဟာ စိတ်ဓာတ်​ရေး​ရာ ကပ်ဆိုး​ကြီး​ဆီ ဆိုက်​ရောက်သွား​လိမ့်​မယ်” တဲ့​။    
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024