အမေရိကန်တွင် ၈ လောင်းပြိုင်အပြီး ၅ လောင်းပြိုင် လူသတ်မှုကြောင့် ပြည်သူများတုန်လှုပ် (ရုပ်သံ)

အမေရိကန် ပြည်ထောင်စု ဂျော်ဂျီယာပြည်နယ်ထဲမှာ ငါးလောင်းပြိုင် လူသတ်မှု သတင်းကြောင့် ပြည်သူတွေ အံ့သြတုံလှုပ်နေကြပါတယ်။ ဧပြီ ၂၂ ရက်နေ့က အဖြစ်အပျက်မှာ  မိသားစုတခုတည်းက လူ ၅ ယောက် သေနတ်နဲ့ ပစ်သတ် ခံလိုက်ရတာလို့ ကိုလံဗီယာ စီရင်စု နယ်မြေ လုံခြုံရေး အရာရှိရုံးက ပြောပါတယ်။ အိမ်တွင်း ပဋိပက္ခကြောင့် လူသတ်တဲ့အထိ ဖြစ်ခဲ့တာလို့လည်း ရုံးရဲ့ ပြောခွင့်ရသူက ဆိုပါတယ်။ တရားခံလို့ ယူဆရတဲ့ အမျိုးသားကတော့ ထွက်ပြေးလွတ်မြောက်နေပါတယ်။ သေဆုံးသွားသူတွေရဲ့ နာမည်နဲ့ အသက်အရွယ်ကိုတော့ ရဲဌာနက သတင်းမထုတ်ြပန်သေးပါဘူး။ အမေရိကန် ပြည်ထောင်စု၊ အိုဟိုင်းအိုး ပြည်နယ် ပိုက်ခ် စီရင်စုနယ်မြေမှာလည်း ဧပြီ ၂၂ ရက်နေ့ကပဲ ရှစ်လောင်းပြိုင် လူသတ်မှုဖြစ်ပွားခဲ့ပြီး တရားခံကို ရဲတွေက စုံစမ်းနေပါတယ်။ မိသားစု တခုတည်းက လူကြီး ၇ ယောက်နဲ့ ကလေး ၁ ယောက်တို့ ဦးခေါင်းမှာ သေနတ် ဒဏ်ရာနဲ့ သေဆုံးနေတာ တွေ့ရတယ်လို့ နယ်ပိုင်လုံခြုံရေး အရာရှိနဲ့ ပြည်နယ် ရှေ့နေချုပ်တို့က ဧပြီ ၂၂ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ တရားခံဘယ်သူဆိုတာ မသိနိုင်သေးတဲ့အတွက် တယောက်တည်းလား၊ အုပ်စု လိုက်လားဆိုတာ မသိနိုင်သေးဘူးလို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up