တိုက်ပြီး ဆိုင်ကယ် ဒရွတ်တိုက်ပါသွားသည့် ကားကို လိုက်ဖမ်း (ရုပ်သံ)

448
ထိုင်းနိုင်ငံ ပတ္တရားမှာ ဧပြီ ၁၉ ရက်က ဆိုင်ကယ်တစီးကို ၀င်တိုက်ရာမှာ မရပ်ဘဲ ဆိုင်ကယ် ဒရွတ်တိုက်နဲ့ မောင်းနှင်သွားတဲ့ အဖြူရောင် ဟွန်ဒါ ကားတစီးနောက်ကို ပြည်သူတဦးက လိုက်ဖမ်းခဲ့ပါတယ်။
မာဇတာ ကားမောင်းလာတဲ့ မျက်မြင်သက်သေက ရှေ့ကကားကို ရပ်တန့်ဖို့ အကြိမ်ကြိမ် ဟွန်းတီးပြီး လမ်းသွားလမ်းလာတွေကိုလည်း အကူအညီတောင်းခံခဲ့ပါတယ်။ အတိုက်ခံရပြီး ကျန်ခဲ့တဲ့ ဆိုင်ကယ်သမား ဘာဖြစ်သွားလဲဆိုတာကိုတော့ မသိဘူးလို့ လိုက်လံဖမ်းဖို့ ကြိုးစားတဲ့ မာဇတာ ကားမောင်းသမားက ပြောပါတယ်။
ဆက်မောင်းသွားပြီး ၁ မိနစ်အကြာ ဟွန်ဒါအဖြူရောင် ကားမောင်းသမားက ကားကို ရပ်တန့်ခဲ့ပေမယ့် ကားပေါ်က မဆင်းလာခဲ့ပါဘူး။
အနီးနားကလူတွေက ဟွန်ဒါအဖြူရောင်ကို ၀ိုင်းထားပြီး မောင်းတဲ့သူကို စက်ရပ်ဖို့ ကြိုးစားခဲ့ပါတယ်။
ဟွန်ဒါအဖြူရောင် ကားမောင်းသမားဟာ အရက်မူးနေပြီး နောက်ပိုင်းမှာတော့ ရဲစန်းကို ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
ဟွန်ဒါကားသမားကို တိုက်ပြီးထွက်ပြေးမှု၊ မူးယစ်သေစာသောက်စား ကားမောင်းမှုတွေနဲ့ တရားစွဲဆိုထားပါတယ်။