အမေရိကန်တွင် မွေးကင်းစ ကလေးကို ခွေးက ကိုက်သတ်
အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယား ဆန်တီယာဂိုမှာ မွေးကင်းစ ကလေးငယ်ကို ခွေးကလေးက ဧပြီ ၂၁ ရက်က ကိုက်သတ်ခဲ့ပါတယ်။
၃ ရက်သား ကလေးကို ပစ်ဘူးအမျိုးအစား ခွေးနဲ့ မိဘတွေက အိပ်ရာပေါ်မှာ အတူထိုင်ပြီး ရုပ်ရှင်ကြည့်နေတယ်လို့ ဆိုပါတယ်။
ဒီအချိန်မှာ ကလေးအမေက ချောင်းဆိုးလိုက်ပြီးတဲ့နောက် ခွေးက ကလေးကို ကိုက်ခဲ့တာလို့ ဆန်တီယာဂို ရဲစခန်းက အရာရှိက ပြောပါတယ်။
ခွေးကိုက်ထားတာကို ပြန်ဆွဲထုတ်လို့ မရတော့ဘဲ ကလေးကို ဆေးရုံကို ခေါ်လာရာမှာတော့ ကလေးက သေဆုံးသွားတယ်လို့ ဆိုပါတယ်။
သေဆုံးရတဲ့အကြောင်းအရင်းကို ဆေးစစ်ချက် ရယူနေတယ်လို့ ဆိုပါတယ်။ ၂ နှစ်အရွယ် ပိုလိုကိုလည်း ခွေးရှုးရောဂါ ရှိမရှိ စစ်ဆေးနေပါတယ်။
ခွေးရဲ့ ကံကြမ္မာကိုတော့ ပိုင်ရှင်တွေရဲ့ သဘောထားအတိုင်းပဲ ဖြစ်တယ်လို့ တိရစ္ဆာန် ၀န်ဆောင်မှု ဌာနက ပြောပါတယ်။