ရီပက်ဘလစ်ကန် သမ္မတလောင်းများကို စကားစစ်ထိုးရန် ဟီလာရီ စိန်ခေါ်
ပင်ဆယ်ဗင်းနီယား ပြည်နယ်မှာ မဲဆွယ်နေတဲ့ ဒီမိုကရက်ပါတီရဲ့ သမ္မတလောင်း ဟီလာရီ ကလင်တန်က ရီပက်ဘလစ်ကန် သမ္မတလောင်းတွေနဲ့ စီးပွားရေး မူဝါဒကိစ္စ စကား စစ်ထိုးဖို့ စိန်ခေါ်လိုက်ပါတယ်။
“ဒေါ်နယ်ထရမ်နဲ့ အထက်လွှတ်တော်အမတ် တက်ခရုစ်တို့ကို အနီးကပ် စောင့်ကြည့်နေကြပါ၊ ဒီလူတွေဟာ လူချမ်းသာတွေကို မျက်နှာသာပေးတဲ့စီးပွားရေး မူဝါဒဆီ နောက်ကြောင်းပြန်ဖို့ ခြေလှမ်းပြင်နေကြတယ်” လို့ ဟယ်လာရီက ပြောပါတယ်။
အရင်က ရီပက်ဘလစ်ကန် သမ္မတတယောက်က လူကုန်ထံတွေကို အခွန်လျှော့ပေါ့ပေးပြီး ဘဏ္ဍာရေး ဈေးကွက်နဲ့ အိမ်ခြံမြေ ဈေးကွက်ကို မျက်နှာလွှဲထားခဲ့တဲ့ ပေါ်လစီအမှားကြောင့် တတိုင်းပြည်လုံး စီးပွားရေး ပျက်ကပ်နဲ့ ကြုံခဲ့ရတာကို သတိရကြပါလို့ ဟီလာရီက ဆော်သြလိုက်ပါတယ်။
တကယ်တော့ ဒါဟာ ရီပက်ဘလစ်ကုန်တွေ တူးတဲ့ တွင်းနက်ထဲကို တတိုင်းပြည်လုံး ထိုးဆင်းခဲ့ရတဲ့ ဇာတ်လမ်းတခုပါပဲလို့ ဟီလာရီက ပြောပါတယ်။
အခုဆိုရင် ဟီလာရီကလင်တန်ဟာ ပါတီတွင်း ပြိုင်ဘက်ဖြစ်တဲ့ ဘာနေ ဆန်းဒါးစ်ကို ပြတ်ပြတ်သားသား အနိုင်ရရှိထားပြီး ဖြစ်ပါတယ်။