A d v e r t i s e m e n t With Us

နိုင်ငံတ၀န်း မီးလောင်မှု ၈၇၀ ကျော်ဖြစ်ပွားပြီး ကျပ်သန်းပေါင်း ၄၀၀၀၀ ခန့် ဆုံးရှုံး

၂၀၁၆ခုနှစ် ဇန်န၀ါရီလကနေ ဧပြီလ ၂၀ ရက်အထိ နိုင်ငံတ၀န်း မီးလောင်ကျွမ်းမှုပေါင်း ၈၇၀ ကျော် ဖြစ်ပွားခဲ့ပြီး ငွေကျပ်သန်းပေါင်း ၄၀၀၀၀ လောက် ဆုံးရှုံးခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပါတယ်။ မီးလောင်မှုတွေမှာ မီးဖိုပေါ့ဆမီး ၄၂၀ေ ကျာ်၊ တောမီး ၁၈၀ ကျော်၊ လျှပ်စစ်ကြောင့်ဖြစ်တဲ့ မီး ၁၆၀ ကျော်၊ မသမာသူရှို့မီး အကြိမ် ၇၀ ပါဝင်တယ်လို့ မီးသတ်သတင်းမှာ ဖော်ပြလိုက်ပြီး ဒီနှစ် မီးလောင်တာ စံချိန်တင်များပြားခဲ့ပါတယ်။ ရှမ်းပြည်နယ်မှာ မီးလောင်မှု အများဆုံး ဖြစ်ပွားခဲ့ပြီး နေပြည်တော်နဲ့မန္တလေးတိုင်းက ဒုတိယ လိုက်ပါတယ်။ မီးလောင်မှုကြောင့် ရန်ကုန်၊ မန္တလေးနဲ့ ရှမ်းပြည်နယ်တို့မှာ ပျက်စီးဆုံးရှုံးမှု တန်ဖိုး များပြားခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up