A d v e r t i s e m e n t With Us

အမေရိကန် ဂီတကြယ်ပွင့် သေဆုံးမှု သွေးရိုးသားရိုးဟု ရဲတပ်ဖွဲ့ ရှင်းလင်း

အမေရိကန် ဂီတ ကြယ်ပွင့် ပရင့်စ် ရဲ့ သေဆုံးမှုဟာ သွေးရိုးသားရိုး ဖြစ်တယ်လို့ ရဲအဖွဲ့က ဧပြီ ၂၂ ရက်နေ့မှာ ပြောပါတယ်။ သေမှုသေခင်း စစ်ဆေးချက်အရ ပရင့်စ်ရဲ့ ကိုယ်ပေါ်မှာ ဒဏ်ရာဒဏ်ချက်တွေ မတွေ့ရသလို၊ သူ့ဖာသာ သေကြောင်း ကြံစည်သွားတဲ့ သက်သေ အထောက်အထား မတွေ့ရဘူးလို့ နယ်ပိုင် ရဲအရာရှိ ဂျင်း အော်ဆန်က ပြောပါတယ်။ ခရမ်းနုရောင် မိုးစက်များ "Purple Rain"၊ ချိုးငှက်တွေရဲ့ ငိုရှိုက်သံ "When Doves Cry," သီချင်းတွေနဲ့ နာမည်ကြီးတဲ့ ဂီတပညာရှင်ကို ဧပြီ ၂၁ ရက်နေ့က သူ့အိမ် ဓာတ်လှေကားပေါ်မှာ သေဆုံးနေတာကို တွေ့ရှိခဲ့ရတာပါ။ အသက် ၅၇ နှစ်အရွယ်မှာ​ ရုတ်တရက် သေဆုံးခဲ့တာ ဖြစ်လို့ တကမ္ဘာလုံးက သူ့ပရိသတ်တွေ အံ့သြတုန်လှုပ်ခဲ့ကြပါတယ်။ ပရင့်စ်ဟာ ရော့ခ်၊ ၈ျက်စ်၊ ဖင့်ခ်၊ ဒစ္စကို၊ R&B တို့ကို လှလှပပ ပေါင်းစပ်နိုင်တဲ့ ဂီတ ပါရီမီတယောက်ဖြစ်ပါတယ်။ ဂီတသက်တမ်းတလျှောက်မှာ ဂရမ်မီဆု ၇ ကြိမ်နဲ့ အော်စကာ ၁ ကြိမ် ရရှိခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up