ကျောက်တစ်လုံးကြီးမြို့တွင် မိုးသက်လေပြင်းကြောင့် ကက္ကူ ဘုရာများ ထီးတော်မြေခ
DVB
·
April 23, 2016
ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ ကျောက်တစ်လုံးကြီး မြို့နယ်ခွဲတွင် ဧပြီ ၂၂ ရက် ည ၈ နာရီလောက်က မိုးသက် လေပြင်များ တိုက်ခတ်ပြီး မိုးရွာသွန်းမှုကြောင့် ကက္ကူကျေးရွာအုပ်စု၊ ကက္ကူကျေးရွာရှိ ကက္ကူဘုရား ၂၄၇၈ ဆူရှိတဲ့အနက် ၃ ပုံ ၂ ပုံလောက် ပြိုကျပျက်စီးခဲ့ပါတယ်။
ဖြစ်စဉ်ကြောင့် ကက္ကူဘုရား၊ ဖောင်တော်ဆိပ်စေတီမှာ ထီးတော်မြေခတာ၊ အရံစေတီတွေ ဖောင်းရစ်မှ ပြိုကျပြီး ထီးတော် မြေခတာတွေ ဖြစ်ပွားခဲ့ကာ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိဘူးလို့ ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
အလားတူ ပင်းတယမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုတွေ အိမ် ၈၂ လုံးလည်း အမိုးလန်ပျက်စီးခဲ့ပြီး တောင်ကြီးမြို့နယ် သံတဲကျေးရွာအုပ်စုမှာ အိမ် ၄ လုံး၊ ဟိုပုံးမြို့နယ်၊ လွယ်အွန့်ကျေးရွာအုပ်စုမှာ အိမ် ၂ လုံး အမိုးလန် ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
သတင်းဓာတ်ပုံ - ခရိုင်(ပြန်/ဆက်)