တရုတ်အရှေ့ပိုင်း ဓာတုဂိုဒေါင် ကြောက်မက်ဖွယ် မီးလောင် (ရုပ်သံ)

1K
တရုတ်နိုင်ငံ အရှေ့ပိုင်း ဂျန်ဆုခရိုင် ဂျင်ဂျန်မြို့မှာ အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းတွေ သိုလှောင်ထားတဲ့ ဂိုဒေါင်မီးလောင်တာကို ဧပြီ ၂၃ ရက် မနက်ပိုင်းမှာ ငြိမ်းသတ်နိုင်ပြီ ဖြစ်ပါတယ်။
ဧပြီ ၂၂ ရက် ၉ နာရီက လောင်ကျွမ်းခဲ့တဲ့ မီးကို မီးသတ်သမား ၆၀၀ ကျော်တို့က ငြိမ်းသတ်ခဲ့ကြပါတယ်။
ဓာတုပစ္စည်းတွေ သိုလှောင်ထားတဲ့ကန် ၄၂ ကန်ထဲက ကန် ၂ ကန် ဖျက်ဆီးလိုက်ပါတယ်။ ညနေ ၅ နာရီလောက်မှာ မီးက တခြား ကန် ၅ ကန်ကိုလည်း လောင်ကျွမ်းခဲ့ပါတယ်။ မီးငြိမ်းသတ်တဲ့ အချိန်ဟာ ၁၆ နာရီလောက်အထိကြာမြင့်ခဲ့ပါတယ်။ ပျက်စီးဆုံးရှုံးမှု တန်းဖိုးကိုတော့ မသိရသေးပါဘူး။