Home
မြန်မာသတင်း
ရခိုင်ပြည်နယ် စစ်ပွဲများရပ်တန့်ရေး လွှတ်တော်တွင် အရေးကြီး အဆိုတင်မည်
DVB
·
April 23, 2016
13091953_264756533863805_7868391354685157105_n
13076721_264756567197135_503761357124660457_n
13010773_264756553863803_339900626990120657_n
13007295_264756600530465_8215130866711741692_n
13007172_264756583863800_1522754463301602712_n
အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်ကြား ဒီနေ့ထိ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်တန့်မှုမရှိပါက လာမယ့် မေ ၂ ရက်နေ့ ပြန်လည်စတင်မယ့် လွှတ်တော်မှာ ငြိမ်းချမ်းရေရရှိရေး အရေးကြီးအဆို တင်သွားမယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောပါတယ်။ ရခိုင်ပြည်နယ်မှာ ဧပြီ ၁၆ ရက်နေ့ကနေ ဧပြီ ၂၂ ရက်နေ့အထိ အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်အကြား ဘူးသီးတောင်မြို့နယ်၊ ရသေ့တောင်မြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်နှင့် ကျောက်တော်မြို့နယ်တွေမှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ဘေးရှောင် ဒုက္ခသည်တွေ မြင့်တက်လာနေတာကြောင့် တိုက်ပွဲတွေ ရပ်တန့်ရေးအတွက် အရေးကြီး အဆိုတင်သွင်းမှာလို့ ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ဒီဗွီဘီ ကိုပြောပါတယ်။ “အခုလက်တလော တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်နေကြတယ်လေ။ တကယ်လို့ ဒီတိုက်ပွဲတွေ မရပ်ဘူးဆိုရင် မေလ ၂ ရက်နေ့ကျရင် လွှတ်တော်ခေါ်ဖို့ရှိတယ်လ။ အန်တီတို့ မနေ့ညနေကပဲ စစ်ဘေးရှောင်ဒေသတွေကို ရောက်ခဲ့သေးတယ်။ ရောက်တဲ့အခါမှာ ပြည်သူတွေရဲ့ဆန္ဒတွေကို အန်တီတို့က မေးကြည့်ပါတယ်။ ပြည်သူတွေ အများစုကတော့ အားလုံးက ငြိမ်ငြိမ်းချမ်းချမ်းနေချင်ကြတယ်။ အန်တီတို့ရခိုင်ပြည်က ဆင်းရဲတယ်။ နောက်ပြီး အလုပ်အကိုင်ရှားပါတယ်။ ရွာမှာနေထိုင်တော့ တောတောင်တွေမှာ မှိခိုပြီး စားသောက်နေကြတဲ့ လူတွေဖြစ်နေတယ်။ နောက်တခါ ရေလုပ်ငန်းနဲ့လုပ်ကိုင်တဲ့လူတွေဖြစ်နေတယ်။ အခုလို မငြိမ်မသက်ဖြစ်နေတဲ့အခါ သူတို့ရဲ့စီးပွားရေးဟာ အကျပ်အတည်းတွေရှိတယ်။ နောက်တခါ နေအိမ်တွေပစ်ပြီးတော့ သူများနေရာကို လာရတဲ့အတွက်ကြောင့် အဓိကငြိမ်းချမ်းရေး လိုချင်နေကြပါတယ်။ အန်တီတို့ လွှတ်တော်ခေါ်တဲ့နေ့မှာ အခုလို ငြိမ်ချမ်းရေးမရဘူးဆိုရင် အရေးကြီးအဆိုအနေနဲ့တင်ပြသွားပါမယ်။” လက်တလော အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်အကြားတိုက်ပွဲတွေကြာင့် ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ပြေးဒုက္ခသည်တွေဟာ ဘူးသီးတောင်၊ ရသေ့တောင်နဲ့ ပုဏ္ဍားကျွန်းမြို့နယ်တွေက ဘုန်ကြီးကျောင်းနဲ့ စာသင်ကျောင်းတွေမှာ ခိုလှုံနေကြရပါတယ်။ အဲ့ဒီနေရာတွေမှာ ဧပြီ ၂၂ ရက်နေ့ ညနေပိုင်းအထိ ဒုက္ခသည်ဦးရေ တဖြည်းဖြည်း တိုးလာနေပြီး ၅၀၀ နီးပါးလောက် ရှိနေပြီလို့ စားနပ်ရိက္ခာတွေ သွားရောက်ကူညီနေတဲ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ဆိုပါတယ်။ ဒါ့အပြင် နှစ်ဖက်တိုက်ပွဲတွေအတွင်း အစိုးရတပ်မတော်ဘက်က ကျေးရွာသား ၇ ဦးကို လမ်းပြအဖြစ် ခေါ်ဆောင်သွားတယ်လို့ ဒေါ်ခင်စောဝေက ပြောပါတယ်။ “တကယ့်ကို မြေပြင်ဆင်းတဲ့ခါမှ အဖြစ်မှန်ကို ပိုသိလာရပါတယ်။ ကျောက်လန်းချောင်းဆိုတဲ့ ရွာက လူလေးယောက်ကို စစ်တပ်ကနေ ခေါ်သွားတယ်။ နှစ်ယောက်ကိုတော့ ပြန်လွှတ်လိုက်ပြီ။ အဲ့ဒီနှစ်ယောက်နဲ့လည်း အန်တီတို့နဲ့တွေ ခဲ့ပြီးပါပြီ။ နောက်နှစ်ယောက်ကတော့ ဒီနေ့အချိန်အထိပြန်မရောက်သေးဘူး။ နောက်တစ်ခါ ရီစိုးချောင်းမှာကျတော့ ရေလုပ်ငန်းလုပ်နေတဲ့ လူတွေကို လမ်းမှာတွေ့လို့ ၅ ယောက်ကို လမ်းပြအဖြစ် စစ်တပ်က ခေါ်ဆောင်သွားတယ်။ ဒါကို အုပ်ချုပ်ရေးမှူးကိုယ်တိုင်လည်းသိပါတယ်။ သူတို့ တစ်ယောက်မှ ရွာကိုပြန်မရောက်သေးဘူး။ သူတို့ပြန်လည်ရရှိရေးကို တင်ပြသွားမယ်။ဓ လက်တလော စစ်ဘေးရှောင်ဒုက္ခသည်တွေ စားဝတ်နေရေးအတွက် ရခိုင်အမျိုးသားပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေအပါအ၀င် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ စစ်တွေမြို့က ရခိုင်လူငယ်မျိုးဆက်သစ်အဖွဲ့၊ ဘူသီးတောင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့တွေက သွားရောက်လှူဒါန်းနေကြပေမယ့် ရေရှည်စားဝတ်နေရေးအတွက် အခက်အခဲဖြစ်လာနိုင်တယ်လို့ ပြောပါတယ်။ သတင်း-၀ဏ္ဏခွာညို၊ ဓာတ်ပုံ - မင်းဘာချေ  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024