A d v e r t i s e m e n t With Us

ကော်ဖီမစ်သတင်း ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်

ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချနေတဲ့ ကော်ဖီမစ်တွေမှာ သတင်းတွေ ထွက်နေသလို အုန်းခွံ့မှုန့်နဲ့ ဆီအုန်းကြိတ်ဖတ်တွေ ပါဝင်ခြင်း မရှိပါဘူးလို့ ကျန်းမာရေးဝန်ကြီးဌာနက သတင်း ထုတ်ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာန အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာနဟာ ကော်ဖီမစ်လုပ်တဲ့  ကုန်ကြမ်းပစ္စည်း ၅၀ ကျော်၊ ကော်ဖီမစ် ကုန်ချော ၃၀ ကျော်ကို ဓာတ်ခွဲစစ်ဆေးခဲ့ပြီး အခုလို သတင်းထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ကော်ဖီမစ်ထုတ်တွေမှာပါတဲ့ အသေးစိတ်အချက်အလက်တွေကို နိုင်ငံတကာနည်းတူ ထုတ်ပိုးခွံ့မှာ ဖော်ပြဖို့လိုတယ်လို့ ဌာနက ထောက်ပြပါတယ်။ ကော်ဖီမစ်ထုတ်တွေနဲ့ပတ်သက်လို့ ဈေးကွက်တွင်းဖြစ်ပေါ်နေတဲ့ သတင်းတွေ မှန်ကန်မှု မရှိကြောင်းနဲ့ ကော်ဖီမစ်တွေကို ဌာနက စောင့်ကြပ်ကြည့်ရှုနေမှာဖြစ်ကြောင်း သတင်း မှာ ဖော်ပြပါတယ်။

A d v e r t i s e m e n t With Us

More News
Up