ကလေးမြို့ သစ်စက်များကို သစ်တောဦးစီးဌာန ၀င်စစ်
DVB
·
April 23, 2016
ကလေးမြို့ရှိ သစ်စက်တွေကို ချမှတ်ထားတဲ့ စည်းကမ်းတွေအတိုင်း လိုက်နာမှုရှိမရှိ နေပြည်တော် သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဇေယျ ဦးဆောင်တဲ့ စစ်ဆေးရေးအဖွဲ့က ဧပြီ ၂၂ ရက်နေ့က စတင်စစ်ဆေးခဲ့ပါတယ်။
သစ်စက်တွေမှာ လိုက်လံ စစ်ဆေးပြီး သတ်မှတ်ချက်တွေထက် ကျော်လွန်ပြီး လုပ်ကိုင်နေတာတွေနဲ့ ခွင့်ပြုချက်ကျော်လွန်တဲ့ သစ်တွေအတွက် ညွှန်ကြားချက်နဲ့ အညီ တာဝန်အတိုင်း ဆောင်ရွက်သွားမယ်လို့ စစ်ဆေးရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။
ဓာတ်ပုံ - မင်းရဲစစ်နိုင်