ထိုင်းနိုင်ငံမှ ကမ္ဘာ့အကြီးဆုံး ဆွမ်းလောင်းပွဲ (ရုပ်သံ)
Published By
DVB | 22 April, 2016
1.6K
0
Share
0
Comment
0
Likes
ထိုင်းနိုင်ငံ မြို့တော် ဘန်ကောက် မြောက်ဘက်က ဝပ်ဓမ္မကာယ ဘုန်းတော်ကြီးကျောင်းမှာ ဧပြီ ၂၂ ရက်က ကျင်းပတဲ့ ဆွမ်းလောင်းပွဲကို ထောင်သောင်းချီနေတဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေ တက်ရောက်ပြီး လှူဖွယ်ပစ္စည်းတွေကို အလှူခံခဲ့ပါတယ်။
ပွဲစီစဉ်သူတွေက ကမ္ဘာ့အကြီးဆုံး ဆွမ်းလောင်းပွဲဖြစ်ကြောင်း ပြောပါတယ်။
ဒီဘုန်းတော်ကြီးကျောင်းကို သြဇာရှိတဲ့ ဓမ္မကာယအဖွဲ့က စီစဉ်ဆောင်ရွက်နေပြီး အဂတိလိုက်စားမှု စွဲချက်တွေ နှစ်ချီရှိခဲ့ပေမယ့် စွဲချက်တွေကို ငြင်းဆိုထားပါတယ်။
ယုံကြည်သက်ဝင်သူတွေထဲက တယောက်က သံဃာအပါးတသိန်းကို ဆွမ်းလောင်းရတာ တသက်မှာ တခါကြုံရတဲ့ပွဲမို့ အင်မတန် ဝမ်းသာတယ်လို့ ပြောပါတယ်။
ဗုဒ္ဓဘာသာဝင် လူများစုရှိရာ ထိုင်းနိုင်ငံမှာ ဘာသာရေးဟာ နိုင်ငံရေးရဲ့ ကြားခံစစ်ပွဲပုံစံ ဖြစ်လာနေတယ်လို့ အနောက်မီဒီယာတွေက သုံးသပ်ပါတယ်။
ထိုင်းဗုဒ္ဓဘာသာရဲ့ အဆင့်မြင့်ဆုံး ရာထူးဖြစ်တဲ့ သာသနာပိုင် ရာထူးအတွက် ပြိုင်ဆိုင်မှုတွေ ရှိနေပါတယ်။
ဒီရာထူးနဲ့ သင့်တော်တဲ့ ထိပ်တန်းကိုယ်စားလှယ်တပါးက ဝပ်ဓမ္မကာယ ဘုန်းတော်ကြီးကျောင်းနဲ့ ပတ်သက်နေပြီး နောက်တပါးကတော့ ဆန့်ကျင်နေသူပါ။
ဝပ်ဓမ္မကာယ ဘုန်းတော်ကြီးကျောင်းရဲ့ ကျောင်းထိုင်ဆရာတော်ကို တရားရေး ဝန်ကြီးဌာန အရာရှိတွေက ဧပြီ ၁၈ ရက်နေ့မှာ ပင့်ခေါ်ခဲ့ပြီး တရားမဝင် အလှူငွေလက်ခံမှု၊ ငွေကြေးခဝါချမှုတွေနဲ့ ပတ်သက်တဲ့ စွဲချက်တွေကို ရင်ဆိုင်ဖို့ ပြောပါတယ်။
ဒီအမှုတွေက နိုင်ငံတော်လုံခြုံရေးကို သက်ရောက်နိုင်တဲ့ အမှုတွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ကျောင်းထိုင်ဆရာတော် ဖရာ့ ဓမ္မချာယိုက သူဟာ အလှူတွေကို လက်ခံခဲ့ပေမယ့် ဒါတွေ ဘယ်ကလာတယ်ဆိုတာ မသိခဲ့ဘူးလို့ မိန့်ကြားခဲ့ပါတယ်။