ရွှေတောင်ကုန်းဆရာတော်ကြီး ဈာပန (ဓာတ်ပုံ)







1K
ဒီနေ့ ဧပြီလ ၂၂ ရက်နေ့မှာ ရွှေတောင်ကုန်းဆရာတော်ကြီး ဈာပနကို ပဲခူးတိုင်းဒေသကြီး အင်းတကော်မြို့နယ် ရွှေတောင်ကုန်းကျောင်းတိုက်မှာ ကျင်းပပြုလုပ်နေပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဆေးရုံမှာ ဧပြီလ ၁၆ ရက်နေ့က ရွှေတောင်ကုန်းဆရာတော်ကြီးဟာ သက်တော် ၉၅ နှစ်မှာ ဘ၀နတ်ထံ ပျံလွန်သွားခဲ့တာဖြစ်ပြီး ဧပြီလ ၁၇ ရက်နေ့က ဘန်ကောက်ကတဆင့် ရန်ကုန်ကို လေကြောင်းက ပြန်လည်ပင့်ဆောင်ခဲ့ပါတယ်။
ဆရာတော်ဘုရားကြီးကို ရည်စူးကုသိုလ်ပြုပွဲနဲ့ စံကျောင်းဆင်းပွဲကို ဧပြီ ၂၀ ရက်နေ့က ရန်ကုန်မြို့ ဗဟန်းမြို့နယ် ပဏ္ဍိတာရာမ ရွှေတောင်ကုန်းသာသနာ့ရိပ်သာမှာ ပြုလုပ်ခဲ့ပြီး ဧပြီလ ၂၀ ရက်နေ့ နေ့လယ် ၁ နာရီမှာ ဆရာတော်ဘုရားကြီးရဲ့ ရုပ်ကလာပ်တော်ကို ရန်ကုန် ပဏ္ဍိတာရာမ ရွှေတောင်ကုန်းသာသနာ့ရိပ်သာမှ ပဲခူးဆယ်မိုင်ကုန်း တောစခန်းရိပ်သာကို ပင့်ဆောင်ပူဇော် ခဲ့တာဖြစ်ပါတယ်။
ဓာတ်ပုံ - အာကာ