Home
မြန်မာသတင်း
မြန်မာသင်္ဘောသား ၁ ဦး ဗီယက်နမ်တွင် ပြုတ်ကျသေဆုံး
DVB
·
April 22, 2016
ကိုရီးယားအလံတင်ထားတဲ့ ကုန်တင် ပင်လယ်ကူးသင်္ဘောတစီးပေါ်မှာ မြန်မာသင်္ဘောသား တဦး သင်္ဘောဝမ်းကုန်ခန်းထဲကို သွားပြုတ်ကျ သေဆုံးသွားတယ်လို့ ဗီယက်နမ်သတင်းဌာန VNS က သတင်း ထုတ်ပြန်ပါတယ်။ ဗီယက်နမ်နိုင်ငံ ဒါနန်းကမ်းရိုးတမ်း ရေမိုင် ၁၃၀ လောက်အကွာမှာ Loihope သင်္ဘော အမည်ရှိတဲ့ ကုန်တင်သင်္ဘောပေါ်မှာ မြန်မာနိုင်ငံသား ကိုသီဟထွန်း ပြုတ်ကျသတိလစ်သွားတဲ့ အကြောင်း သင်္ဘောအေးဂျင့်က သတင်းပေးပို့တာကို ရေကြောင်းကယ်ဆယ်ရေးဌာနက ဧပြီ ၂၀ ရက်ညသန်းခေါင်ကျော်မှာ သတင်းရရှိခဲ့တယ်လို့ ဆိုပါတယ်။ ကယ်ဆယ်ရေးဌာနက ဆရာဝန် ၂ ဦးပါ အရေးပေါ်ကယ်ဆယ်ရေး သင်္ဘောတစီး စေလွှတ်ခဲ့ ပေမယ့် မြန်မာသင်္ဘောသားဟာ ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်မလာခင် ၂ နာရီလောက်မှာ သေဆုံးသွားတယ်လို့ ဆရာဝန်ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး သတင်းမှာဖော်ပြပါတယ်။ မြန်မာသင်္ဘောသားရဲ့ရုပ်အလောင်းကိုတော့ မြို့ကအထွေထွေဆေးရုံကြီးကို ကယ်ဆယ်ရေး သင်္ဘောနဲ့ သယ်ဆောင်လာခဲ့တယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024