A d v e r t i s e m e n t With Us

နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် သံတမန်များ တွေ့ဆုံ

နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒများကို ရှင်းလင်းပြောကြားဖို့ ပြည်တွင်းပြည်ပ သံတမန်များနဲ့ ဒီနေ့ နေလယ်ပိုင်းက နေပြည်တော်မှာ တွေ့ဆုံနေပါတယ်။ နေပြည်တော်က နိုင်ငံခြားရေးဝန်ကြီးဌာနမှာ သံအမတ်ကြီးတွေ၊ ကုလသမဂ္ဂဌာနေ ကိုယ်စားလှယ်တွေ၊ ဒုတိယသံအမတ်ကြီးတွေ စုစုပေါင်း ၇၀ ကျော်နဲ့ တွေ့ဆုံနေတာပါ။ မြန်မာနိုင်ငံဟာ လွတ်လပ်တက်ကြွပြီး ဘက်မလိုက်တဲ့ နိုင်ငံခြားရေးမူဝါဒကို အစဉ်တစိုက် ကျင့်သုံးခဲ့တာဖြစ်ပြီး ဒီမူဝါဒကို ဒေါ်အောင်ဆန်းစုကြည်ကလည်း သဘောတူလက်ခံကြောင်း မကြာသေးမီကပြောခဲ့တဲ့ သူ့ နှစ်သစ်ကူးမိန့်ခွန်းမှာ ပါရှိပါတယ်။ (ဓာတ်ပုံ - နေဖြိုးဝင်း)

A d v e r t i s e m e n t With Us

More News
Up