မက္ကဆီကို ရေနံဓာတုစက်ရုံ ပေါက်ကွဲမှု သေဆုံးသူဦးရေ ထပ်မြင့်တက်နိုင် (ရုပ်သံ)

မက္ကဆီကိုနိုင်ငံက ပေးမက်စ် ရေနံဓာတုစက်ရုံ ပေါက်ကွဲမှု ဖြစ်စေခဲ့တဲ့ ဓာတ်ငွေ့ယိုစိမ့်မှုကြောင့် သေဆုံးသူဦးရေ အနည်းဆုံး ၁၃ ဦးရှိပြီဖြစ်ပြီး သေဆုံးသူဦးရေ ထပ်မြင့်တက်လာနိုင်တယ်လို့ ကုမ္ပဏီက ဧပြီ ၂၁ ရက်နေ့မှာ အစီရင်ခံပါတယ်။ ပင်လယ်ကွေ့နိုင်ငံတွင်း စက်ရုံရဲ့ ကလိုရီနိတ်သရီးစက်ရုံ အကြီးအကျယ် ပေါက်ကွဲမှုကြောင့် တခြားလူ ၁၃၆ ဦးလည်း ဒဏ်ရာရခဲ့ပြီး လူအယောက် ၂၀ နီးပါး ပျောက်ဆုံးနေပါတယ်။ ပေါက်ကွဲမှုရဲ့ ဓားစာခံတွေကို စာနာဝမ်းနည်းကြောင်း သမ္မတ ပေနာနေတိုက မက္ကဆီကိုစီးတီးမြို့မှာ ပြောပါတယ်။ ပေါက်ကွဲမှုဖြစ်ရတဲ့ အကြောင်းရင်း ယိုစိမ့်မှု ဘာကြောင့်ဖြစ်ရတယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ ပေါက်ကွဲမှု ဖြစ်ရာနေရာကို သွားခဲ့တဲ့ ပေးမက်စ် ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် ဟိုဆေး အန်တိုနီယို ဂိုဇာလဲ့ဇ် အန်နာယာက ပြောပါတယ်။ ပေါက်ကွဲမှုဖြစ်ရာ ဗီနိုင်း ရေနံဓာတုစက်ရုံဟာ ပေးမက်စ် ရေနံဓာတုလုပ်ငန်းနဲ့ မက္ကဆီကို ပလတ်စတစ်ပိုက် ထုတ်လုပ်သူ မက်ဆီကမ်တို့ ပူးတွဲလည်ပတ်တဲ့ စက်ရုံပါ။ ဒဏ်ရာရသူ အများအပြား ဆေးကုခံနေတဲ့ ဒေသန္တရဆေးရုံ အပြင်မှာ မိသားစုဝင်တွေ စုရုံး ရောက်ရှိခဲ့ပါတယ်။ ဒေသတွင်း အပူချိန်နဲ့ စိုထိုင်းဆကြောင့် သတင်းစောင့်နေတဲ့သူတချို့ မေ့လဲခဲ့ကြပါတယ်။ ပေါက်ကွဲမှုဟာ ရေနံဈေးနှုန်း ကျဆင်းမှုကြောင့် ရေနံထုတ်လုပ်မှုနဲ့ ဈေးနှုန်းကြား တွက်ခြေကိုက်အောင် ကြိုးစားနေရတဲ့ မက္ကဆီကိုနိုင်ငံအတွက် ဘေးကင်းရေး ကပ်ဘေးကို ထပ်ပြခဲ့တာပါ။ ပေးမက်စ်ကတော့ ၂၀၁၄ မှာ နှစ်စဉ် မတော်တဆမှု ဖြစ်နှုန်းကို ၃၃ ရာခိုင်နှုန်းထိ လျှော့ချနိုင်ခဲ့တယ်လို့ မနှစ်က ပြောပါတယ်။ ဒါပေမယ့် ပေးမက်စ်ဟာ တွက်ချက်ရာမှာ ရုံးဝန်ထမ်းတွေရဲ့ အလုပ်လုပ်ချိန်ကိုပါ ထည့်သွင်းတွက်ချက်ပြီး မတော်တဆဖြစ်နှုန်း လျော့ကျသလိုဖြစ်အောင် လုပ်ခဲ့တယ်ဆိုတာ ရိုက်တာသတင်းဌာနက စုံစမ်း တွေ့ရှိခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up