A d v e r t i s e m e n t With Us

လူ ၇၇ ဦးသတ်မှုဖြင့် ထောင်ဒဏ်ကျခံနေရသူက နော်ဝေးအစိုးရကို တရားစွဲမှုတွင် အနိုင်ရ

လူ ၇၇ ဦးသတ်မှုဖြင့် ထောင်ဒဏ်ကျခံနေရသည့် အန်နစ် ဘေရင်း ဘေဗစ်။ (ဓာတ်ပုံ - ရိုက်တာ)
၂၀၁၁ ခုနှစ်က နော်ဝေးနိုင်ငံမှာ လူ ၇၇ ဦးကို သတ်ဖြတ်မှုနဲ့ ထောင်ဒဏ် ၂၁ နှစ် ကျခံနေရတဲ့ နော်ဝေးလူသတ်သမား အန်နစ် ဘေရင်း ဘေဗစ် (Anders Behring Breivik) ဟာ သူ့အပေါ် ချမှတ်ထားတဲ့ အပြစ်ဒဏ်ဟာ လူ့အခွင့်အရေးနဲ့ မကိုက်ညီဘူးဆိုပြီး နော်ဝေးအစိုးရကို တရားစွဲတဲ့အမှုမှာ အနိုင်ရရှိသွားပါတယ်။ ထောင်တွင်း သူ့အပေါ် တိုက်ပိတ်ထားမှုဟာ လူသားမဆန်ဘူး၊ လူအချင်းချင်း နှိမ့်ချတဲ့ ဆက်ဆံမှု၊ အပြစ်ပေးမှု ဖြစ်တယ်၊ အခြေခံ လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်တယ်ဆိုပြီး နော်ဝေးတရားရုံးက ဧပြီ ၂၀ ရက်နေ့မှာ ဆုံးဖြတ်ခဲ့တာပါ။ လက်ယာအစွန်းရောက် လူသတ်သမား အန်နစ်ရဲ့ရှေ့နေက သူ့အပေါ် တိုက်ပိတ်အပြစ်ဒဏ် ပေးမှုတွေကို ဖြေလျော့ပေးဖို့ တောင်းဆိုထားပါတယ်။ အမှုအတွက် ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၄ သောင်းကိုလည်း နော်ဝေးအစိုးရကပဲ ကျခံဖို့ တရားရုံးက ဆုံးဖြတ်ပါတယ်။ အစိုးရရှေ့နေတွေကတော့ ဒီတရားရုံးဆုံးဖြတ်ချက်ကို လျှောက်လဲမယ်လို့ ပြောဆိုထားပါတယ်။ ဒီတရားရုံးဆုံးဖြတ်ချက်အပေါ် မကျေနပ်သူ နော်ဝေးပြည်သူ အများအပြားရှိပေမယ့် နော်ဝေးနိုင်ငံရဲ့ တရားရေးစနစ်ဟာ အကြမ်းဖက်နဲ့ လူသတ်သမားတွေ အပါအ၀င် ဘယ်သူ့ကိုမဆို အခြေခံအခွင့်အရေးအရ ဘက်လိုက်မှုမရှိ၊ မျှတမှုရှိတယ်ဆိုတာကို ထင်ဟပ်ပြသမှုတခုလို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောဆိုကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up