A d v e r t i s e m e n t With Us

လက်စတာအသင်း ပရီးမီးယားလိဂ်ဖလားရပါက ဘွတ်ကီဒိုင်များ ပေါင် ၁၀ သန်းရှုံးမည်

လက်စတာအသင်းသာ ပရီးမီးယားလိဂ်ဖလားရပါက ဗြိတိန် ထိပ်တန်း ဘွတ်ကီဒိုင်တွေက ပေါင် ၁၀ သန်း အရှုံးပေါ်မှာ ဖြစ်ပါတယ်။ ရာသီအစမှာ လက်စတာ ဖလားရဖို့အတွက် လောင်းကြေးက ၅၀၀၀-၁ ဖြစ်ခဲ့ပြီး ခရစ္စမတ် အပြီးမှာတော့ ၁၀၀၀-၁ အထိ ရှိနေပါတယ်။ ရာသီအစမှာ လက်ဘရုတ် (Ladbrokes) ဘွတ်ကီဒိုင်နဲ့ လက်စတာ ချန်ပီယံဖြစ်ရေး လောင်းတဲ့သူ ၄၇ ဦး ရှိခဲ့ပြီး ဒီအထဲက ၂၃ ဦးကတော့ ငွေထုတ်ခဲ့ပြီး ၂၄ ဦးကတော့ ဆက်လက် စောင့်ဆိုင်းနေဆဲ ဖြစ်ပါတယ်။ လက်စတာ ပရီးမီးယားလိဂ်ဖလား ရသွားရင်တော့ လောင်းကစားသမိုင်းမှာ အကြီးအကျယ် စိတ်ပျက်ရမယ်လို့ လက်ဘရုတ် ဘွတ်ကီဒိုင်က ပြောပါတယ်။ လက်ရှိမှာတော့ လက်စတာအသင်းက ပရီးမီးယားလိဂ်ကို ၅ မှတ်အသာနဲ့ ဦးဆောင်ထားပြီး တရာသီလုံး ၃ ပွဲသာ ရှုံးထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up