လေဆင်နှာမောင်းနှင့်အတူ ၁၃ ပေအထိ ပါသွားသည့် မူလတန်းကျောင်းသား (ရုပ်သံ)
Published By
DVB | 22 April, 2016
5.7K
0
Share
0
Comment
0
Likes
တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဂန်ဆုခရိုင်မှာ မူလတန်းကျောင်းသားတဦးဟာ လေဆင်နှာမောင်း အငယ်စားနဲ့အတူ ၁၃ ပေအထိ မြောက်တက်သွားပါတယ်။
ကျောင်းအားကစားပွဲ လုပ်ဆောင်နေစဉ်မှာ လေဆင်နှာမောင်း အငယ်စားက ၀င်မွှေခဲ့ပြီး ကျောင်းသားလေးက လေဆင်နှာမောင်းရဲ့အတူ လေထဲကို ပါသွားတာ ဖြစ်ပါတယ်။
ပြန်ကျလာတဲ့ အချိန်မှာတော့ အနည်းငယ် ဒဏ်ရာရရှိခဲ့တာကလွဲလို့ ကြီးကြီးမားမား ဒဏ်ရာရရှိခဲ့ခြင်း မရှိပါဘူး။
ဒီဖြစ်ရပ်ကို လုံခြုံရေးကင်မရာက မှတ်တမ်းတင်ထားပြီး ရုပ်သံဖိုင်ကို တရုတ် စီစီတီဗွီသတင်းဌာနက နာရီပိုင်းအတွင်းမှာ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်ပေါ် တင်ခဲ့ပါတယ်။