မန်ယူကစားသမား မားကပ်စ် ရပ်ရှ်ဖို့ဒ်ကို ယူရို ၂၀၁၆ ခေါ်သွားရေး မသေချာ

2.5K
အင်္ဂလန် ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာ ယူနိုက်တက်အသင်း ကစားသမား မားကပ်စ်ရပ်ရှ်ဖို့ဒ်ကို ပြင်သစ် ယူရို ၂၀၁၆ ကို ခေါ်သွားဖို့ မသေချာဘူးလို့ အင်္ဂလန်အသင်းမန်နေဂျာ ရွိုင်းဟော့ဆန်က ပြောပါတယ်။
အသက် ၁၈ နှစ်အရွယ် မားကပ်စ်ဟာ ဖေဖော်ဝါရီက စတင်ပြီး ပါဝင်ကစားခဲ့တဲ့ ၁၃ ပွဲမှာ ၇ ဂိုး သွင်းယူပေးထားလို့ ဟော့ဆန်က မျက်စိကျနေပါတယ်။
ဒါပေမယ့် သူ့ကို အင်္ဂလန်အသင်း လူစာရင်းထဲမှာ ထည့်ဖို့ကတော့ တော်တော်ကို စွန့်စွန့်စားစား ချမှတ်ရမယ့် ဆုံးဖြတ်ချက်ပဲလို့ ဟော့ဆန်က ပြောပါတယ်။
ဟော့ဆန်အနေနဲ့ အင်္ဂလန်အသင်းအတွက် မန်ယူက ရွန်နီ၊ တော့တင်ဟမ်က ဟယ်ရီကိန်း၊ လက်စတာက ဂျာမီး ဗာဒီ၊ လီဗာပူးက ဒယ်နီရယ် စတားရစ်နဲ့ အာဆင်နယ်က ဒင်နီဝဲလ်ဘတ်တို့လို ရွေးချယ်စရာ တိုက်စစ်မှူးတွေ အများအပြား ရှိနေပါတယ်။