Live
Home
မြန်မာသတင်း
လွတ်လပ်သည့်​ လူ့​အခွင့်​အ​ရေး​ကော်မတီ ဖွဲ့​ရန် ကင်တား​နား​ကို လွှတ်​တော်ကိုယ်စား​လှယ်များ​ ​တောင်း​ဆို
DVB
·
August 23, 2011
မြန်မာနိုင်ငံမှာ လွတ်လပ်တဲ့​ လူ့​အခွင့်​အ​ရေး​ကော်မတီတရပ်ဖွဲ့​စည်း​ဖို့​ မြန်မာလွှတ်​တော် ကိုယ်စား​လှယ်​တွေက ကုလသမဂ္ဂ လူ့​အခွင့်​အ​ရေး​ အထူး​စုံစမ်း​ စစ်​ဆေး​သူ ​တောမတ်စ် အို​ဟေး​ ကင်တား​နား​ (Tomas Ojea Quintana) ကို ​တောင်း​ဆိုလိုက်ပါတယ်။ မစ္စတာကင်တား​နား​နဲ့​ ပါတီအသီး​သီး​က လွှတ်​တော်ကိုယ်စား​လှယ် ၁၉ ဦး​တို့​ ​နေပြည်​တော်၊​ ဇမ္ဗူသီရိခန်း​မမှာ ဒီ​နေ့​ မနက် (၁၀) နာရီခွဲက​နေ (၁၂ နာရီခွဲအထိ ​တွေ့​ဆုံစဉ် လွှတ်​တော်ကိုယ်စား​လှယ်​တွေက တင်ပြလိုက်ကြတာလို့​ တသီး​ပုဂ္ဂလလွှတ်​တော်ကိုယ်စား​လှယ် ဦး​သိန်း​ညွန့်​က ​ပြောပြပါတယ်။ “ကုလသမဂ္ဂ လူ့​အခွင့်​အ​ရေး​ကော်မတီနဲ့​ မြန်မာနိုင်ငံနဲ့​ ပူး​ပေါင်း​ဆောင်ရွက်နိုင်ဖို့​၊​ ထိထိ​ရောက်​ရောက်နဲ့​ မြန်မာနိုင်ငံလူ့​အခွင့်​အ​ရေး​တွေကို အမြင်ဖလှယ်နိုင်ဖို့​ဆိုရင် မြန်မာနိုင်ငံမှာ လွတ်လပ်တဲ့​ လူ့​အခွင့်​အ​ရေး​ ​ကော်မတီတခုဖွဲ့​ရမယ်။ အရင်တုန်း​က လူ့​အခွင့်​အ​ရေး​ ​ကော်မတီဆိုတာ အစိုး​ရ ဝန်ထမ်း​တွေချည်း​ပဲ။ အများ​ပြည်သူယုံကြည်​သော ​လေး​စား​သော အများ​က လက်ခံနိုင်တဲ့​ပုဂ္ဂိုလ်နဲ့​ မြန်မာနိုင်ငံ လူ့​အခွင့်​အ​ရေး​ ​ကော်မတီကို ဖွဲ့​ပါ။ အဲဒီထဲမှာ အစိုး​ရဝန်ထမ်း​လည်း​ တစိတ်တ​ဒေသ ပါချင်ပါနိုင်တယ်၊​ အစိုး​ရဝန်ထမ်း​ချည်း​ပဲ ဖွဲ့​တဲ့​လူ့​အခွင့်​အ​ရေး​ ​ကော်မတိဆိုရင်​တော့​ အများ​ပြည်သူ မယုံကြည်ဘူး​ဆိုတာ အဲဒီအချက်ကို ကျ​နော်​ပြောခဲ့​တယ်။ သူနဲ့​ သူ့​အဖွဲ့​ရဲ့​ တုံ့​ပြန်ပုံကလည်း​ ကျ​နော်တင်ပြတဲ့​အ​ပေါ်မှာ သ​ဘော​ပေါက်ပါတယ်။” ဒါ့​အပြင် နိုင်ငံ​ရေး​အကျဉ်း​သား​တွေကိစ္စနဲ့​ပတ်သက်ပြီး​ လွတ်ငြိမ်း​ချမ်း​သာခွင့်​ ဥပ​ဒေ​တွေ ထုတ်ပြန်လာ​အောင် အစိုး​ရကိုတိုက်တွန်း​ဖို့​လည်း​ ဦး​သိန်း​ညွန့်​က ​တောင်း​ဆိုခဲ့​ တယ်လို့​ ​ပြောပြပါတယ်။ “လူ့​အခွင့်​အ​ရေး​ အ​ခြေအ​နေ​ကောင်း​မွန်ဖို့​ အ​ထွေ​ထွေ လွတ်ငြိမ်း​ချမ်း​သာခွင့်​ကို ထုတ်ပြန်ရမယ်။ မြန်မာနိုင်ငံ လူ့​အခွင့်​အ​ရေး​နဲ့​ ပတ်သက်လို့​ လူ့​အခွင့်​အ​ရေး​ကြေ ညာစာတမ်း​ ဖြန့်​ဝေတဲ့​လူ​တွေကို​တောင် လုံခြုံ​ရေး​အဖွဲ့​အစည်း​တွေက ဖမ်း​ဆီး​အ​ရေး​ယူခဲ့​ တာ​တွေ ကြုံခဲ့​ဖူး​တယ်။ ​နောက်တခု အကျဉ်း​ထောင်နဲ့​ပတ်သက်ရင် အချက်၂ ချက် ​ထောက်ပြတယ်။ အခုလက်ရှိ အကျဉ်း​ထောင်ဥပ​ဒေမှာ ပါတဲ့​အခန်း​ ၁၅ ကို ရုပ်သိမ်း​ထား​တယ်။ ဒီအခန်း​ ၁၅ ကိုသာ မရုပ်သိမ်း​ဘူး​ဆိုရင် အဲဒါက နိုင်ငံ​ရေး​ အကျဉ်း​သမား​တွေကို ဒဏ်​ပေး​တာ။ မိမိယုံကြည်ချက်၊​ အစိုး​ရကို ​ပြောင်း​လဲ​အောင် အစိုး​ရကို ​ဝေဖန်လို့​ အပြစ်​ပေး​ထား​တဲ့​သူ အား​လုံး​ဟာ နိုင်ငံ​ရေး​ ပြစ်မှုပဲဆိုတဲ့​ အိန္ဒိယ ဥပ​ဒေ ဖွင့်​ဆိုချက်ပါ၊ “သူ့​ကို ကျ​နော် နမူနာအ​နေနဲ့​ ဘာ​ပြောလိုက်လည်း​ဆို​တော့​ မင်း​ကိုနိုင်ကို အင်း​စိန်အကျဉ်း​ထောင်မှာ ​ထောင်ဒဏ်ချလိုက်တယ်။ သို့​သော် သူ့​ကို အင်မတန်​ဝေး​လံတဲ့​ ကျိုင်း​တုံကို ပို့​လိုက်တဲ့​အတွက် မင်း​ကိုနိုင်ကိုတင် အပြစ်ဒဏ်​ပေး​တာမဟုတ်ပဲနဲ့​ သူ့​မိသား​စု ​ထောင်ဝင်စာသွား​တွေ့​တဲ့​ သူ​တွေကိုပါ ထိခိုက်တဲ့​အတွက် ဒါဟာ လူ့​အခွင့်​အ​ရေး​ ချိုး​ဖောက်တာပါ။ ​ထောင်ထဲမှာ ​လော​လောဆယ် လွတ်ငြိမ်း​ချမ်း​သာခွင့်​ မ​ပေး​ခင်မှာ အနီး​အနား​ ပြန်ထား​ပါ။ အ​ဝေး​ထောင်​ရောက်​နေတဲ့​သူ​တွေကို ပြန်​ခေါ်ပါ။” တွေ့​ဆုံ​ဆွေး​နွေး​မှုထဲမှာပါဝင်တဲ့​ တိုင်း​ရင်း​သား​ လွှတ်​တော်ကိုယ်စား​လှယ်​တွေက လည်း​ တိုင်း​ရင်း​သား​ဒေသ​တွေက လက်နက်ကိုင်ပဋိပက္ခ​တွေ​ကြောင့်​ ဖြစ်​ပေါ်​နေတဲ့​ လူ့​အခွင့်​အ​ရေး​ဆိုင်ရာ အ​ခြေအ​နေ​တွေနဲ့​ပတ်သက်ပြီး​ တင်ပြ​ဆွေး​နွေး​ကြပါတယ်။ မစ္စတာကင်တား​နား​ဟာ ဒီ​နေ့​မှာ လွှတ်​တော်အစည်း​ဝေး​ကျင်း​ပတာ​တွေကို ​လေ့​လာပြီး​ အမျိုး​သား​လွှတ်​တော်ဥက္ကဋ္ဌ ဦး​ခင်​အောင်မြင့်​၊​ ပြည်သူ့​လွှတ်​တော် ဥက္ကဋ္ဌ သူရဦး​ရွှေမန်း​တို့​နဲ့​ ​တွေ့​ဆုံပါတယ်။ မနက်ဖြန်မှာ​တော့​ ပါတီရပ်တည်မှု ပျက်ပြယ်ပြီလို့​ အစိုး​ရက သတ်မှတ်ထား​တဲ့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ဗဟိုအလုပ်အမှု​ဆောင်အ ဖွဲ့​ဝင်​တွေနဲ့​ ​တွေ့​ဆုံဖို့​ရှိပြီး​ အင်း​စိန်အကျဉ်း​ထောင်ကို သွား​ရောက်ဖို့​ရှိပါတယ်။ မြန်မာနိုင်ငံကို တနင်္ဂ​နွေ​နေ့​က စတင်​ရောက်ရှိတဲ့​ မစ္စတာကင်တား​နား​ဟာ ပြည်​ထောင်စု တရား​သူကြီး​ချုပ်၊​ မြန်မာနိုင်ငံ လူ့​အခွင့်​အ​ရေး​အဖွဲ့​ဥက္ကဋ္ဌ ပြည်ထဲ​ရေး​ ဝန်ကြီး​ဌာနဝန်ကြီး​၊​ ဒုတိယရဲချုပ်၊​ အလုပ်သမား​ ဝန်ကြီး​ဌာနဝန်ကြီး​၊​ ကာကွယ်​ရေး​ဝန်ကြီး​၊​ အစိုး​ရအကြံ​ပေး​အဖွဲ့​ဝင်​တွေ စတဲ့​ပုဂ္ဂိုလ်​တွေနဲ့​ ​တွေ့​ဆုံမှု​တွေ့​ဆုံပြီး​ဖြစ်ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024