အီလီနွိုက်ပြည်နယ် ပရိဘောဂ ကုန်လှောင်ရုံတခုတွင် မီးအကြီးအကျယ် လောင်ကျွမ်း (ရုပ်သံ)
Published By
DVB | 22 April, 2016
954
0
Share
0
Comment
0
Likes
အမေရိကန်နိုင်ငံ အီလီနွိုက်ပြည်နယ် ဝုဒ်ရစ်ခ်ျမြို့က ပရိဘောဂ ကုန်လှောင်ရုံတခုမှာ ဧပြီ ၂၁ ရက်နေ့က မီးအကြီးအကျယ် လောင်ကျွမ်းခဲ့ပါတယ်။
ဒေသစံတော်ချိန် ညနေ ၆ နာရီမှာ အဆောက်အဦအတွင်း မီးသတိပေး တပ်လှန့်သံ အတော်များများ ပေါ်ထွက်ခဲ့တယ်လို့ အရာရှိတွေက ပြောပါတယ်။
ပတ်ဝန်းကျင်ဒေသ မီးသတ်ဌာန ၈ ခုက မီးကို ထိန်းချုပ်နိုင်ဖို့ စုပေါင်း အလုပ်လုပ်နေခဲ့တယ်လို့ ဒေသခံ မီဒီယာက အစီရင်ခံပါတယ်။
ထိခိုက်သေဆုံးမှု အစီရင်ခံတာမျိုး မရှိသေးသလို မီးလောင်ရတဲ့ အကြောင်းရင်းကိုလည်း မသိရသေးပါဘူး။