A d v e r t i s e m e n t With Us

တရားမ၀င်ပေးသည့် ငွေကျပ်သိန်း ၅၀ ကို သနပ်ပင်တွင် ရေကန်တူးရန် သုံးမည်

ပြီးခဲ့တဲ့ သင်္ကြန်ကာလမှာ နိုင်ငံအရေးကြီးပုဂ္ဂိုလ်ရဲ့ ကိုယ်ရေးအရာရှိကို မီဒီယာကုမ္ပဏီကြီး တခုကပေးတဲ့ နှစ်သစ်ကူးလက်ဆောင် ငွေကျပ် သိန်း ၅၀ ကို ပဲခူးတိုင်း၊ သနပ်ပင်မြို့နယ်အတွင်းရှိ ရေကန်တွေ ပြန်တူးဖို့ သုံးမယ်လို့ အစိုးရက သတင်းထုတ်ပါတယ်။ သနပ်ပင်မြို့နယ်အတွင်းရှိ အထက်ကျုံပါ၊ နတ်ရေကန် စတဲ့ ရွာ ၅ ရွာက ရေကန်ဟောင်း ၅ ခုကို ပြန်လည်တူးဖော်ရာမှာ တကန်ကို ကျပ် ၁၀ သိန်းခန့် ကုန်ကျမှာဖြစ်ပြီး အဲ့ဒီရေကန်တွေ ပြန်တူးဖော်နိုင်ရင် နှစ်ပတ်အတွင်း ရေပြန်ရမယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ မီဒီယာကုမ္ပဏီကြီးတခုရဲ့ နေပြည်တော် သင်္ကြန်မဏ္ဍပ်က အရေးကြီးပုဂ္ဂိုလ်ရဲ့ ကိုယ်ရေးအရာရှိကို လက်ဆောင်ပေးတဲ့ အထုပ်ထဲမှာ ငွေကျပ် သိန်း ၅၀ ပါရှိတာတွေ့ရလို့ ငွေပေးတဲ့ကုမ္ပဏီကို အစိုးရက သတိပေးခဲ့ပြီး အဲ့ဒီငွေတွေကိုတော့ အစိုးရက ရေရှားပါးတဲ့နေရာမှာ သုံးဖို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဌာနကို လွှဲပြောင်းပေးခဲ့တာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up