အာဆင်နယ် ၂ – ၀ ၀က်စ်ဘရွန်း (ရုပ်သံဟိုက်လိုက်)
Published By
DVB | 22 April, 2016
1.5K
0
Share
0
Comment
0
Likes
အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်နဲ့ ၀က်စ်ဘရွန်းတို့ ဧပြီ ၂၁ ရက် ညက ယှဉ်ပြိုင်တဲ့ပွဲစဉ်မှာ အာဆင်နယ်အသင်းက ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားပါတယ်။
အဲလက်စ်ဆန်းချက်ဇ်ရဲ့ ပထမပိုင်း ၆ မိနစ်နဲ့ ၃၈ မိနစ်မှာသွင်းယူတဲ့ ဂိုး ၂ ဂိုးနဲ့ အနိုင်ရရှိသွားတာလည်း ဖြစ်ပါတယ်။
ဝက်စ်ဘရွန်းအသင်းက ဂရတ်မက်အောလေးရဲ့ ခေါင်းတိုက်ဂိုးသွင်းချက် ဘားတန်းထိပြီး ပြန်ထွက်သွားခဲ့လို့ ၀က်စ်ဘရွန်းအသင်း ဂိုးရရှိမယ့် အခွင့်အရေး လက်လွတ်ခဲ့ရပါတယ်။
အာဆင်နယ်ကွင်းမှာ ကစားတဲ့ ဒီပွဲမှာ ပွဲကြည့်ပရိသတ်တွေ ကွင်းအပြည့် လာရောက်ခဲ့ခြင်း မရှိပါဘူး။
အရင် ပရီးမီးယားလိဂ် ၂ ပွဲမှာ အာဆင်နယ်အသင်းက သရေကျထားပေမယ့် ဒီပွဲ အနိုင်ကြောင့် ဘောလုံးရာသီအပြီး အမှတ်ပေးဇယားမှာ အဆင့် ၄ အတွင်း ၀င်ရောက်ခွင့်ရရေး မျှော်လင့်ချက် ရှင်သန်သွားပြီ ဖြစ်ပါတယ်။
လက်ရှိ အာဆင်နယ်အသင်းဟာ ၃၄ ပွဲကစား ၆၃ မှတ်နဲ့ နံပါတ် ၃ နေရာမှာ ရပ်တည်နေပြီး နံပါတ် ၄ နေရာက မန်စီးတီးနဲ့ ၂ မှတ်အကွာမှာ ရှိနေပါတယ်။