Home
မြန်မာသတင်း
ထိုင်းရေထိန်းနံရံတည်ဆောက်မှုပြဿ နာ ဆွေးနွေးမှုပြေလည်၊ နယ်စပ်ဂိတ်များ ပြန်ဖွင့်
နန်းမြနဒီ
·
April 21, 2016
ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်မှာ ထိုင်းနိုင်ငံဘက်ခြမ်းက ရေထိန်းနံရံ တည်ဆောက်နေ တာကို ဆိုင်းငံ့ထားမယ်ဆိုတာကြောင့် ဘီဂျီအက်ဖ် နယ်ခြားစောင့်တပ်က ပိတ်ထားတဲ့ ရေကြောင်း အ၀င်ပေါက်ဂိတ်တွေ ပြန်ဖွင့်ပေးလိုက်ပါတယ်။ တာ့ခ်ခရိုင် လက်ထောက်ခရိုင်ဝန် ခေါင်းဆောင်ပြီး နယ်စပ်ရေးရာကော်မတီအဖွဲ့ဝင်၊ စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေ ပါဝင်တဲ့ အဖွဲ့တဖွဲ့ဟာ ဧပြီလ ၂၁ ရက် မွန်းလွဲပိုင်းက မြန်မာဘက်ခြမ်း မြ၀တီခရိုင် အုပ်ချုပ်ရေးရုံးမှာ မြန်မာအာဏာပိုင်တွေနဲ့ သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ထိုင်းဘက်က လက်ရှိတည်ဆောက်နေတဲ့ ရေထိန်းနံရံတည်ဆောက်မှုကို ယာယီဆိုင်းငံ့ထားမှာ ဖြစ်ကြောင်း၊ ရေရှည်ဆောင်ရွက်မှုနဲ့ ပတ်သက်လို့တော့ လာမယ့် ဧပြီလ ၂၉ ရက်နေ့ ထိုင်းမြန်မာ ၂ နိုင်ငံဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး နယ်ခြားကော်မတီ (တီဘီစီ) အစည်းအဝေးမှာ ထည့်သွင်းဆွေးနွေးသွားဖို့ သဘောတူခဲ့ကြောင်း လက်ထောက်ခရိုင်ဝန်က သတင်းထောက်တွေ ကို ပြောပါတယ်။ ဆွေးနွေးညှိနှိုင်းမှု ပြေလည်သွားတဲ့အတွက် ဒီကနေ့ မွန်းလွဲ ၂ နာရီခွဲ (ထိုင်းစံတော်ချိန်)မှာ ပိတ်ထားတဲ့ နယ်စပ်ဂိတ်အားလုံးကို ကရင်နယ်ခြားစောင့်တပ်ဘက်က အားလုံးပြန်ဖွင့်ပေး လိုက်ပြီလို့  မဲဆောက်အခြေစိုက် ဒီဗွီဘီသတင်းထောက်က သတင်းပေးပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024