မုန်တိုင်းကြောင့် ရေလွှမ်းမိုးပြီး တက္ကဆက်ပြည်နယ်တွင် အနည်းဆုံး လူ ၈ ဦး သေဆုံး

ဓာတ်ပုံ - ရိုက်တာ
631
အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် ဟူစတန်မြို့ဝန်းကျင်မှာ ဒီသီတင်းပတ်အတွင်း တိုက်ခတ်တဲ့ မုန်တိုင်းတွေကြောင့် ဧပြီ ၂၀ ရက်နေ့အထိ အနည်းဆုံး လူ ၈ ဦး သေဆုံးပြီး အိမ်ခြေ ၁၀၀၀ ကျော် ပျက်စီးခဲ့ပါတယ်။
ဒေသတွင်း မိုးဆက်ရွာနေခဲ့လို့ ရေလွှမ်းမိုးမှု တိုးနေပါတယ်။
သေဆုံးသူတွေ အားလုံးကို ရေလွှမ်းတဲ့ ဒေသတွေက ကားတွေထဲ ဒါမှမဟုတ် ကားတွေနားမှာ တွေ့ခဲ့တာလို့ ဟာရစ်မြို့နယ် ရင်ခွဲရုံနဲ့ ဒေသခံ ငြိမ်ဝပ်ပိပြားရေး အရာရှိတို့က ပြောပါတယ်။
မုန်တိုင်းတွေရဲ့ အဆိုးရွားဆုံးအပိုင်းက ကျော်လွန်ခဲ့ပြီး ဧပြီ ၂၀ ရက် နှောင်းပိုင်းမှာ မိုးရေချိန် တလက်မအောက် ရွာသွန်းမယ်လို့ အမျိုးသား မိုးလေဝသ ဝန်ဆောင်မှုအဖွဲ့က ပြောပါတယ်။
ဧပြီ ၁၈ ရက်နေ့က ဟူစတန်ဒေသအတွင်း တချို့နေရာတွေမှာ မိုးရေချိန် ၁၈ လက်မထိ ရွာချခဲ့လို့ လမ်းတွေ ရေအောက် မြုပ်ကုန်တာပါ။
မိုးလေဝသဌာနက တက္ကဆက်ပြည်နယ် အလယ်ပိုင်းနဲ့ လူဝီစီယားနား ပြည်နယ်တို့မှာ ရေလွှမ်းမိုးမှု သတိပေးချက် ထုတ်ပြန်ထားပါတယ်။
ရေလွှမ်းနေချိန်မှာ ရေဘေးကယ်ဆယ်ရေး အကြိမ် ၁၂၀၀ ကျော် လုပ်ခဲ့ရတာပါ။
အရေးပေါ်ဝန်ဆောင်မှု အဖွဲ့တွေက ကားတွေထဲမှာ ပိတ်မိနေတဲ့ ရာနဲ့ချီတဲ့ လူတွေကို ကုန်ပေါ် လွန်းပျံ ပို့ဆောင်ပေးခဲ့ရပါတယ်။