နေပြည်တော်ကောင်စီနယ်မြေအတွင်း ယာဉ်စည်းကမ်း လိုက်နာမှုအားနည်း
အောင်ကိုကိုလတ် (နေပြည်တော်)
·
April 21, 2016
နေပြည်တော်ကောင်စီနယ်မြေအတွင်း ဆိုင်ကယ်စီးနှင်းမောင်းသူတွေ ဥပဒေလိုက်နာစေဖို့ ဒဏ်ကြေးတိုးမြှင့် သတ်မှတ်ထားပေမယ့် ယာဉ်စည်းကမ်းလိုက်နာမှု အားနည်းနေသေးတယ်လို့ ပျဉ်းမနားမြို့ ယာဉ်ထိန်းရဲတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
ဆိုင်ကယ်စီးနှင်းမောင်းသူတွေ ဥပဒေလိုက်နာစေဖို့ ရည်ရွယ်ပြီး ဒေသဆိုင်ရာစီမံခန့်ခွဲမှု ဒဏ်ငွေ ၅၀၀၀၀ (ငါးသောင်း) ကျပ်နဲ့၊ မော်တော်ယာဉ် ဥပဒေပုဒ်မ ဒဏ်ကြေး ၁၅၀၀ (တစ်ထောင့်ငါးရာကျပ်)တို့ သတ်မှတ်ထားပေမယ့် လိုက်နာမှု အားနည်းနေသေးတယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ယာဉ်ထိန်းရဲတပ်ဖွဲ့ အမှတ် (၆) ယာဉ်ထိန်းရဲ တပ်ဖွဲ့ ပျဉ်းမနားမြို့က ဒုရဲမှူးနေလင်းအောင် က ပြောပါတယ်။
ဆိုင်ကယ် စီးနှင်းမောင်းနှင်းသူတွေအနေနဲ့ ဥပဒေအရ လိုက်နာရမယ့် စည်းကမ်းချက်တွေထဲ အဓိကအားဖြင့် ဦးထုတ်မစောင်းခြင်း၊ သုံးယောက်စီးနှင်ခြင်း (ယာဉ်မောင်းအပါအ၀င်)၊ လမ်း အသွားအလာ အမှတ်အသားတွေကို မလိုက်နာတာတွေကို (လမ်းပြောင်းပြန်မောင်းနှင်ခြင်း) အများဆုံးတွေ့ရတယ်လို့ ဆိုပါတယ်။