အမေရိကန်နှင့် မက္ကဆီကို ဖြတ်ဖောက်ထားသည့် မူးယစ်ဆေးဝါးသယ်ဆောင်ရာ ဥမင် ရုပ်သံ ဖြန့်ချိ
Published By
DVB | 21 April, 2016
4.2K
0
Share
0
Comment
0
Likes
အမေရိကန် နယ်စပ်လှည့်ကင်းအဖွဲ့က စန်တီယေဂိုမြို့နဲ့ တီဟွာနာမြို့ကြား မူးယစ်ဆေးဝါး သယ်ရာမှာ သုံးတဲ့ ကိုက် ၈၇၀ အရှည်ရှိ မြေအောက်ဥမင်ရဲ့ အသေးစိတ် ရုပ်သံကို ဧပြီ ၂၀ ရက်နေ့က ဖြန့်ချိလိုက်ပါတယ်။
မက္ကဆီကိုနိုင်ငံနဲ့ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား ပြည်နယ်အောက်ကနေ လျှိ့ဝှက် ဖြတ်ဖောက်ထားတဲ့ ဥမင်ကို လတ်တလော ရှာတွေ့ခဲ့တာပါ။
ဒါကြောင့် ဝှက်ထားတဲ့ မူးယစ်ဆေးတွေကို ရှာတွေ့ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
ရလဒ်အနေနဲ့ ကိုကင်း တတန်နီးပါးနဲ့ ဆေးခြောက် ၆ တန်ကို သိမ်းဆည်းနိုင်ခဲ့တာပါ။
ဥမင်ကို အာဏာပိုင်တွေ ရှာတွေ့ချိန်မှာ လူ ၆ ယောက်ကိုလည်း ဖမ်းခဲ့ပါတယ်။
ဒီဥမင်ဟာ မြေမျက်နှာပြင်အောက် ၄၆ ပေအနက်မှာရှိပြီး တီဟွာနာမြို့ အိမ်တလုံးထဲမှာ ဓာတ်လှေကားနဲ့ ချိတ်ဆက်ထားပါတယ်။
အမေရိကန်နိုင်ငံဘက်ခြမ်းမှာတော့ မွေ့ယာစီးပွားရေးလုပ်ငန်းအဖြစ် ခြံစည်းရိုးခတ်ထားတဲ့ ခြံထဲမှာ ရှိတာပါ။
ဥမင်ထွက်ပေါက်ကို အမှိုက်ပုံးကြီးရဲ့အောက်မှာ ထားရှိပြီး မူးယစ်ကုန်ကူးသူတွေက မူးယစ်ဆေးတွေကို သယ်ရာမှာ အမှိုက်ပုံးကြီးကို သုံးတယ်လို့ ပြည်ထောင်စုအရာရှိတွေက ပြောပါတယ်။
သံသယရှိသူတွေ အားလုံးကို မူးယစ်ကုန်ကူးမှု စွဲချက်တွေနဲ့ ထောင်ချပြီးပြီလို့လည်း အာဏာပိုင်တွေက ပြောခဲ့ပါတယ်။