ကလေးများကို လိင်ပိုင်းအလွဲသုံးစားလုပ်မှုဖြင့် တူရကီ ကျောင်းဆရာကို ထောင်ဒဏ် နှစ် ၅၀၀ ကျော် စီရင်

တူရကီကျောင်းဆရာကို ပြစ်ဒဏ်ချမှတ်ခဲ့သည့် ကာရာမန်တရားရုံး။ (ဓာတ်ပုံ - Google Street View)
961
ကလေးတွေကို လိင်ပိုင်းအလွဲသုံးစားလုပ်မှုနဲ့ အသက် ၅၄ နှစ်အရွယ် ကျောင်းဆရာတဦးကို တူရကီ တရားရုံးက ဧပြီ ၂၀ ရက်နေ့မှာ ထောင်ဒဏ် ၅၀၈ နှစ်နဲ့ ၃ လ ပြစ်ဒဏ် စီရင်လိုက်ပါတယ်။
ကာရာမန်မြို့တွင်း အစ္စလာမ္မစ် ဖောင်ဒေးရှင်းက ဖွင့်လှစ်ထားတဲ့ ဧည့်ဂေဟာမှာ ကျူးလွန်ခဲ့တာလို့ ရိုက်တာသတင်းဌာနရဲ့ မျက်မြင်သက်သေက ပြောပါတယ်။
ဒီအမှုကြောင့် တူရကီ လူ့အဖွဲ့အစည်းအတွင်း နာနာကြည်းကြည်း ဝေဖန် ပြစ်တင်ခဲ့ကြတာပါ။
တချို့တူရကီလူမျိုးတွေက အစိုးရဟာ ဖောင်ဒေးရှင်းတွေရဲ့ ကာကွယ်မှုကို ခုန်ကျော်ခဲ့တယ်လို့ စွပ်စွဲပါတယ်။
ကျောင်းဆရာဟာ ရှေးရိုးစွဲဝါဒီတွေ ကြီးစိုးရာ အနာတိုလီယန်ကျွန်းဆွယ် ကာရာမန်မြို့ တောင်ပိုင်းက အန်စာနဲ့ ခိမ်းဒါ အလှူအတန်း ဖောင်ဒေးရှင်းတွေက လုပ်ငန်းလည်ပတ်နေတယ်ဆိုတဲ့ အိမ်တွေမှာ ၂၀၁၂ ကနေ ၂၀၁၅ အတွင်း ကလေး ၁၀ ဦးကို လိင်ပိုင်းအလွဲသုံးစား လုပ်ခဲ့တယ်လို့ စွပ်စွဲခံထားရပြီး သူကတော့ တရားရုံးအတွင်းမှာ စွဲချက်တွေကို ငြင်းခဲ့ပါတယ်။
သူဟာ တလွဲ လမ်းညွှန်ခံရပြီး ရာဇဝတ်မှုကိုတော့ မကျူးလွန်ခဲ့ဘူးလို့ တရားရုံးထဲမှာ ပြောကြောင်း အဲဒီအချိန်က တရားရုံးထဲမှာ ရှိနေခဲ့တဲ့ အစ္စတန်ဘူလ်ဘားအသင်းရဲ့ ရှေ့နေက ပြောပါတယ်။
ဝန်ကြီးချုပ် အာမဒ် ဒါဗူတိုဂလူက အလွဲသုံးစားမှုအတွက် တာဝန်ရှိသူ ဘယ်သူ့ကိုမဆို အရေးယူမယ်လို့ ကတိပြုခဲ့ပါတယ်။
နိုင်ငံရေး အသာစီးရဖို့နဲ့ အစ္စလာမ္မစ် ဖောင်ဒေးရှင်းတွေကို အသရေဖျက်ဖို့ အသုံးချခံရတယ်ဆိုတဲ့ စွဲချက်တွေ ရှိနေတယ်လို့လည်း ဝန်ကြီးချုပ်က ပြောခဲ့ပြီး ၂ ဘက်လုံးက စွပ်စွဲချက်တွေကို ငြင်းဆိုခဲ့ပါတယ်။