ဘ၀နေ၀င်ချိန်ရောက်ပြီဟု ဖီဒယ်လ်ကတ်စထရို ပြော
ဘ၀နေ၀င်ချိန်ရောက်ပြီဖြစ်သလို သေဆုံးသွားရင်လည်း ဆိုရှယ်လစ်မော်ဒယ်ကို ဆက်လက်အကောင်အထည်ဖော်ဖို့ ကျူးဘား တော်လှန်ရေးခေါင်းဆောင် ဖီဒယ်လ် ကတ်စထရိုက ပြောပါတယ်။
ဧပြီ ၁၉ မှာ ကျင်းပတဲ့ ကွန်မြူနစ်ပါတီ ၇ ကြိမ်မြောက် ကွန်ဂရက်အစည်းအဝေးမှာ အသက် ၈၉ နှစ်ရှိ ဖီဒယ်ကတ်စထရိုက နှုတ်ဆက်မိန့်ခွန်း ပြောကြားလိုက်တာ ဖြစ်ပါတယ်။
အချိန်ကျလာတော့မှာ ဖြစ်ပေမယ့် ပြင်းပြထက်သန်မှုနဲ့ ဂုဏ်သိက္ခာအတွက် အလုပ်လုပ်ခဲ့တယ်ဆိုတာ လောကကြီးကို သက်သေပြဖို့ ကျူးဘား ကွန်မြူနစ်တွေက ဆက်လက် ကျန်ရှိနေမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
ပါတီဝင်တွေက ဖီဒယ်ရဲ့ နာမည်ကို အော်ဟစ်ပြီး ထောက်ခံခဲ့ပါတယ်။
ဖီဒယ်ဟာ ရာထူးကနေ ဆင်းပေးခဲ့ပြီးနောက် လွန်ခဲ့တဲ့နှစ်တွေအတွင်း ယိုယွင်းလာတဲ့ ကျန်းမာရေးကြောင့် လူထုမြင်ကွင်းကနေ ပျောက်ကွယ်နေခဲ့တာပါ။
၂၀၀၈ ခုနှစ်မှာတော့ သူ့နေရာကို ရာအူး ကတ်စထရိုနဲ့ အစားထိုးခဲ့ပါတယ်။