မက္ကဆီကို ရေနံလှောင်ကန် ပေါက်ကွဲ၊ ၃ ဦးသေ လူ ၁၀၀ ကျော် ဒဏ်ရာရ (ရုပ်သံ)
Published By
DVB | 21 April, 2016
918
0
Share
0
Comment
0
Likes
မက္ကဆီကိုနိုင်ငံ အရှေ့တောင်ပိုင်း ဗာရာခရုဇ်ပြည်နယ်မှာ ရေနံလှောင်ကန် ပေါက်ကွဲတဲ့အတွက် လူ ၃ ဦးသေဆုံးပြီး ၁၀၅ ဦး ဒဏ်ရာရရှိသွားပါတယ်။
ဒဏ်ရာရသူတွေထဲက ၅၈ ဦးကတော့ ကုမ္ပဏီ ၀န်ထမ်းတွေပဲ ဖြစ်ပါတယ်။
ဧပြီ ၂၀ ရက်က ကမ်းခြေမြို့ ကုတ်ဇာကိုးကော့ရှိ မက္ကဆီကို အစိုးရပိုင် ပီမက်ဇ် ကုမ္ပဏီပိုင်တဲ့ ရေနံလှောင်ကန် ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။
လူရာနဲ့ချီ ရွှေ့ပြောင်းပေးရသလို ကျောင်းတွေလည်း ပိတ်ထားရတယ်လို့ ဆိုပါတယ်။
ထွက်ပေါ်လာတဲ့ ရုပ်သံတွေအရ မီးတွေတောက်လောင်နေပြီး မီးခိုးတွေ ထွက်ပေါ်နေတာကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။
ပေါက်ကွဲမှုကို ၆ မိုင်အကွာအထိ ခံစားလို့ ရနေတယ်လို့လည်း အစိုးရအရာရှိကို ကိုးကားပြီး သတင်းတွေမှာ ဖော်ပြပါတယ်။
ညနေပိုင်းမှာတော့ မီးတွေကို ထိန်းသိမ်းနိုင်ခဲ့ပြီလို့ ပြောပါတယ်။