ကျောက်ဖြူမြို့နယ်တွင် အဖေဖြစ်သူက သမီးအရင်းအား ဓားဖြင့်ခုတ်သတ်

ကျောက်ဖြူမြို့နယ် စနဲမင်းပြင်ကျေးရွာအုပ်စု ချင်းမင်းပြင်ကျေးရွာမှာ ဧပြီလ ၂၀ ရက်နေ့ မနက် ၁၀ နာရီခွဲမှာ ဖခင်ဖြစ်သူက သမီးဖြစ်သူကိုသတ်မှု ဖြစ်ပွားခဲ့လို့ ကျောက်ဖြူရဲစခန်းက ပြောပါတယ်။
သားအဖနှစ်ဦး ထမင်းစားနေစဉ် စီပွားရေးအဆင်မပြေတာတွေနဲ့ ပတ်သက်ပြီး အချေအတင် စကားများရာကနေ အဖေဖြစ်သူက အနီးမှာ ရှိတဲ့ဓားမကို ကောက်ကိုင်လိုက်ပြီး သမီးဖြစ်သူရဲ့ လည်ပင်းကိုခုတ်လိုက်ရာ နေရာချင်းမှာပွဲချင်းပြီး သေဆုံးသွားတယ်လို့ ကျောက်ဖြူရဲစခန်းမှ ရဲအုပ်ဝင်းလွင်က ဒီဗွီဘီကိုပြောပါတယ်။
“ဟုတ်ကဲ့ မနက် ၁၀ နာရီခွဲ လောက်ဖြစ်တာပေါ့လေ။ သားအဖတွေ စီးပွားရေအဆင်မပြေ ကြဘူးလို့ပြောတယ်။ ထမင်းစားနေတဲ့အချိန်မှာ အဖေနဲ့သမီးအချေ အတင်စကားများရာကနေ ဖြစ်တာပါ။ အဖေကအနီးမှာရှိတဲ့ဓားမနဲ့ ခုတ်လိုက်တယ်ပေါ့လေ။ အဖေက ခုတ်လိုက်တဲ့အတွက် ၀ဲလည်ပင်းမှာ ၄ လက်မအထိ ပြတ်လုလုဖြစ်သွားတာပေါ့။ အဲ့ဒီနေရာပဲ သမီးဖြစ်သူကပွဲချင်းပြီး သေသွားတယ်”လို့ ရဲအုပ်ဝင်းလွှင်က ပြောပါတယ်။
သေဆုံးသူသမီးဖြစ်သူ ဒေါ်မကျော်အေး အသက် ၄၀ နှစ်ဖြစ်ဝဲလည်ပင်ဒဏ်ရာတချက်မှသုံး လက်မနစ်ဝင်သွားပြီး ပြတ်လုလုဖြစ်သွားပြီး ဖခင်ဖြစ်သူ အသက် ၇၀ အရွယ် ဦးကျော်မှာ အခင်းဖြစ်ပွားရာနေရာပင် ထွက်ပြေးတိမ်းရှောင်းသွားတယ်လို့ ရဲအုပ်က ပြောပါတယ်။
တရားခံကျောက်ဖြူရဲစခန်းက (ပ) ၃၈၈/ ၂၀၁၆၊ ပြစ်မှုပုဒ်မ ၃၀၂အမှုဖွင့်ထားပြီး ထွက်ပြေးတိမ်း ရှောင်နေသူတရားခံ ဖမ်းဆီရရှိရေးအတွက် ကျောက်ဖြူမြို့နယ် ရဲတပ်ဖွဲ့ဝင်များက လိုက်လံ ရှာဖွေနေတယ်လို့ သတင်းရရှိပါတယ်။
(သတင်း - ဇော်ခ)