လူငယ် ဘေ့စ်ဘောနည်းပြ ၂ ဦး လုံးထွေးသတ်ပုတ် (ရုပ်သံ)
အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါက ကော်ပါမြို့တော် လူငယ် ဘေ့စ်ဘောပြိုင်ပွဲမှာ နည်းပြ ၂ ဦး ထိုးကြိတ်ပါတယ်။
ဧပြီ ၁၆ ရက်နေ့က အသက် ၁၀ နှစ်အောက်အသင်းတွေဖြစ်တဲ့ ကပ်နဲ့ ရေးအသင်းတို့ ကောပါစီးတီးလိဂ်ပြိုင်ပွဲ ကစားနေစဉ်မှာ အသင်းနည်းပြ ၂ ဦး လုံးထွေးသတ်ပုတ်ခဲ့တာ ဖြစ်ပါတယ်။
အနီးနားမှာ ကစားသမား ကလေးငယ်တဦးက ဘာလုပ်ရမှန်းမသိ မလှုပ်မရှားနဲ့ ရန်ပွဲကို ကြည့်နေတာလည်း ရုပ်သံမှာ ပါရှိပါတယ်။
ရန်မဖြစ်ခင် စကားများ အော်ဟစ်ဆဲဆိုခဲ့ပြီး နောက်ပိုင်းမှာ အပြန်အလှန် ထိုးကြိတ်ခဲ့ကြတာ ဖြစ်ပါတယ်။
နောက်ပိုင်းမှာတော့ တခြားနည်းပြတွေ ၀င်ဆွဲတဲ့အတွက် ရန်ပွဲက ပြီးဆုံးသွားခဲ့ပါတယ်။
နည်းပြ ၂ ဦး အပြန်အလှန် ကြေအေးသွားတဲ့အတွက် တစုံတရာ အရေးမယူဘူးလို့လည်း ရဲတပ်ဖွဲ့ အစီရင်ခံစာက ဖော်ပြပါတယ်။