၈ ဂိုးသွင်းပြီး ပေါက်ကွဲပြသည့် ဘာစီလိုနာနှင့် ၃ ဂိုးသွင်းပြီး အောင်ပွဲခံသည့် ရီးရဲလ် (ရုပ်သံဟိုက်လိုက်)

ဧပြီ ၂၀ ရက်ညက ယှဉ်ပြိုင်တဲ့ စပိန်လာလီဂါပွဲစဉ်မှာ ဘာစီလိုနာအသင်းက ဒီပို့တီဗိုအသင်းကို ၈ ဂိုးပြတ် သွင်းယူခဲ့သလို ရီးရဲလ်မက်ဒရစ်ကလည်း ဗီလာရီးရဲလ်ကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ ဘာစီလိုနာနဲ့ ဒီပို့တီဗိုတို့ ပွဲစဉ်မှာ ဆွာရက်ဇ်တဦးတည်း ၄ ဂိုးသွင်းခဲ့ပြီး မက်ဆီ၊ နေမာ၊ ရာကီတစ်နဲ့ ဘာထရာတို့က တဂိုးစီ သွင်းယူပေးခဲ့တာပါ။ ပထမပိုင်းမှာတော့ ဆွာရက်ဇ်က ၂ ဂိုးသွင်းယူပြီး ပွဲကို ဦးဆောင်ထားသလို ဒုတိယပိုင်းမှာလည်း ၆ ဂိုး ထပ်မံသွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။ ဘာစီလိုနာဟာ လာလီဂါမှာ ရင်ဆိုင်နေရတဲ့ ရှုံးပွဲတွေကို ရပ်တန့်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ အစောပိုင်းက ၉ မှတ်ပြတ် ဦးဆောင်နေခဲ့ပေမယ့် ရှုံးပွဲတွေကြောင့် လက်ရှိ ဘာစီလိုနာဟာ အမှတ်ပေးဇယားမှာ ၃၄ ပွဲကစား ၇၉ မှတ်နဲ့ အက်သလက်တီကိုနဲ့ အမှတ်တူ ဂိုးကွာခြားချက်ကြောင့် ပထမနေရာမှာ ရပ်တည်နေပါတယ်။
ဧပြီ ၂၀ ရက်ညကပဲ ယှဉ်ပြိုင်ခဲ့တဲ့ ရီးရဲလ်နဲ့ ဗီလာရီးရဲလ်တို့ပွဲမှာတော့ ရီးရဲလ်က ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားပါတယ်။ ပထမပိုင်း ၄၁ မိနစ်မှာ ဘန်ဇီးမားက အဖွင့်ဂိုး သွင်းယူပြီး ပွဲကို ဦးဆောင်ခဲ့သလို ဒုတိယပိုင်း ၆၉ မိနစ်နဲ့ ၇၆ မိနစ်မှာ ရီးရဲလ်က ၂ ဂိုးဆက်တိုက် သွင်းယူသွားလို့ ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားပါတယ်။ ဒီပွဲအနိုင်ကြောင့် ရီးရဲလ်မက်ဒရစ်က ၃၄ ပွဲကစား ၇၈ မှတ်နဲ့ အမှတ်ပေးဇယား  အဆင့် ၃ မှာ ရပ်တည်နေပြီး အပေါ်နှစ်သင်းနဲ့ တမှတ်အကွာမှာ ရှိနေပါတယ်။ ပထမ၊ ဒုတိယနဲ့ တတိယနေရာကို ယူထားတဲ့ အသင်းတွေ အမှတ်ကွာဟချက် နည်းတဲ့အတွက် ရှေ့လာမယ့် စပိန်လာလီဂါ ပွဲစဉ်တွေက ပိုပြီး အကြိတ်အနယ်ရှိလာမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up